၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားရန် ဂျာမနီ၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံတို့ စီစဉ်

၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားရန် ဂျာမနီ၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံတို့ စီစဉ်
Photo: Sky Sports
Photo: Sky Sports
Published 19 October 2020

ဂျာမနီ၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်တို့သည် ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက် လျှောက်ထားရန် စီစဉ်နေကြောင်း သိရှိရသည်။

ယခုအစီအစဉ်ကို အဆိုပါဘောလုံးအဖွဲ့ချုပ်(၃)ခုက ပူးတွဲကြေညာချက်ထုတ်ပြန်ကာ အတည်ပြုခဲ့ပြီး အသေးစိတ်အချက်အလက်များကို ယခုနှစ်ကုန်ပိုင်းတွင် ဆက်လက်ညှိနှိုင်းသွားမည်ဟုလည်း ဖော်ပြခဲ့သည်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၁ ခုနှစ်မှစ၍ (၄)နှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး ၂၀၁၁ ပြိုင်ပွဲကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသည်။

နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၉ ပြိုင်ပွဲကို ပြင်သစ်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး လာမည့် ၂၀၂၃ ပြိုင်ပွဲကို သြစတြေးလျနှင့် နယူးဇီလန်တို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရွေးချယ်ထားပြီးဖြစ်သည်။

၂၀၂၇ ခုနှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆန္ဒရှိနေသည့် နိုင်ငံအများအပြားရှိနေပြီး ဒိန်းမတ်၊ ဖင်လန်၊ အိုက်စလန်၊ နော်ဝေနှင့် ဆွီဒင်တို့က (၅)နိုင်ငံပူးတွဲအိမ်ရှင်အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

Most Read

Most Recent