ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ၂၀၂၂ ခုနှစ်မှသာ ပြန်လည်ကျင်းပရန် စီစဉ်ထား

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ၂၀၂၂ ခုနှစ်မှသာ ပြန်လည်ကျင်းပရန် စီစဉ်ထား
Photos: Yoma Yangon International Marathon Facebook
Photos: Yoma Yangon International Marathon Facebook
Published 19 October 2020

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပနိုင်တော့မည်မဟုတ်ဘဲ ၂၀၂၂ ခုနှစ်မှသာ ပြန်လည်ကျင်းပရန် စီစဉ်ထားကြောင်း သိရ သည်။

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ် ဇန်နဝါရီတွင် ပုံမှန်ကျင်းပလေ့ရှိပြီး ရှစ်နှစ်ဆက်တိုက် ကျင်းပခဲ့သော်လည်း လာမည့်နှစ်တွင်မူ ကပ်ရောဂါအခြေအနေကြောင့် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲမှာ ပြည်တွင်းအပြေးသမားများ၊ ၀ါသနာရှင်များသာမက ပြည်ပမှ အပြေးသမားများ ပုံမှန်ဝင်ရောက်ယှဉ်ပြိုင်နေသည့်ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားလေးမျိုး ထည့်သွင်းကျင်းပလျက်ရှိသည်။ 

ယင်းပြိုင်ပွဲတွင် ၄၂ ကီလိုမီတာပြိုင်ပွဲ၊ ၂၁ ကီလိုမီတာပြိုင်ပွဲ၊ ၁၀ ကီလိုမီတာပြိုင်ပွဲနှင့် သုံးကီလိုမီတာပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး သုံးကီလိုမီတာပြိုင်ပွဲမှာ ၀ါသနာရှင်များအတွက် ကျင်းပခြင်းဖြစ်ကာ နာမည်ကြီး အနုပညာရှင်များလည်း ပါဝင်ယှဉ်ပြိုင်လေ့ရှိသည်။ 

ပြိုင်ပွဲကျင်းပရေးအဖွဲ့သည် ၄၂၊ ၂၁၊ ၁၀ ကီလိုမီတာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ဆုကြေးချီးမြှင့်ပြီး ၄၂ ကီလိုမီတာပြိုင်ပွဲတွင် ပြည်ပအပြေးသမားများသာ ချန်ပီယံဆုရရှိထားသည်။

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်မှသာ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့က တရားဝင်သတင်းထုတ်ပြန်ထားပြီး ရန်ကုန်မြို့တွင်း သတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်း ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲဖြစ်သည်။

Most Read

Most Recent