ပရီးမီးယားလိဂ် ပွဲစဉ်-၅ နှင့် စီးရီးအေ ပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ် ပွဲစဉ်-၅ နှင့် စီးရီးအေ ပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်
Published 19 October 2020

ဝက်စ်ဘရွန်း - ဘန်လေ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၁၁းဝ၀ နာရီ)

လက်ရှိမြင်ရသလောက်တော့ ဝက်စ်ဘရွန်းရဲ့အားနည်းချက်က ခံစစ်ပိုင်းဖြစ်နေတယ်။ တစ်ဦးချင်းကောင်းပြီး၊ မြန်နှုန်းမြင့်တဲ့ ကစားသမားတွေ တိုက်စစ်ပိုင်းမှာ ရှိတယ်။ ဒါပေမဲ့ ခံစစ်ကတော့ ဂိုးတွေကို လွယ်လွယ်လေးပေးနေရပြီး တစ်ဦးချင်းထိန်းချုပ်ပုံရော၊ စုဖွဲ့ပုံရောမကောင်းဘူး။ ဘန်လေက ဒီရာသီမှာ အခြေအနေဆိုးနေတဲ့အသင်းပါ။ နှစ်သင်းစလုံးအတွက် အခွင့်အရေးရှိတယ်။ ဘန်လေကိုတော့ ပိုကြိုက်တယ်။ 

လိဒ်စ် - ဝုလ်ဗ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၀ ရက် နံနက် ၁း၃၀ နာရီ)

စိတ်ဝင်စားစရာကောင်းတဲ့ပွဲပါ။ ဝုလ်ဗ်ကလည်း ပြီးခဲ့တဲ့တစ်ပတ်ကမှ ဖူလ်ဟမ်ကို စနိုင်ခဲ့ပြီး၊ ခက်ခက်ခဲခဲကစားခဲ့ရတယ်။ လိဒ်စ်က ရလဒ်တွေပိုကောင်းနေပြီး၊ ဝုလ်ဗ်ကနေ ပြောင်းလာတဲ့ ဟယ်လ်ဒါကော်စတာ၊ ဟာရီဆန်၊ ဘမ်းဖို့ဒ်၊ ရိုဒရီဂိုတို့နဲ့ အားကောင်းပါတယ်။ ဒါပေမဲ့ ဝုလ်ဗ်သာ ပုံမှန်ခြေစွမ်းပြနိုင်ရင် လိဒ်စ်လည်း အနိုင်ရဖို့ မလွယ်လောက်ပါဘူး။ သရေကျသွားနိုင်တယ်။ (၁-၁)လောက်ဖြစ်နိုင်တယ်။ 

ဗီရိုနာ - ဂျီနိုအာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၀ ရက် နံနက် ၁း၁၅ နာရီ)

ဂိုးသမား ပါရင်အပါအဝင် ဂျီနိုအာကစားသမားတချို့ ပြန်လည်သက်သာလာပေမဲ့ အခြေအနေတွေက မှန်းဆလို့ မရသေးပါဘူး။ ဗီရိုနာက ခြေစွမ်းလည်းပိုသာသလို အိမ်ကွင်းလည်းဖြစ်နေလို့ ပွဲကစားဖြစ်မယ်ဆိုရင် အနိုင်သေချာပါတယ်။ 

Most Read

Most Recent