မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် Joy Masters 8 Ball ပြိုင်ပွဲတွင် ၉၆ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရရှိ

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် Joy Masters 8 Ball ပြိုင်ပွဲတွင် ၉၆ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရရှိ
Photos : Ko Ar Ti Facebook
Photos : Ko Ar Ti Facebook
Published 18 October 2020

ယင်းပြိုင်ပွဲမှာ တရုတ်နိုင်ငံမှ နာမည်ကြီး Pool ကစားသမားများ အပါအဝင် ကစားသမား ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်နေသည့်ပြိုင်ပွဲဖြစ်ပြီး တရုတ် နိုင်ငံ၏ နံပါတ် ၂ အဆင့်ရှိသည့်ပြိုင်ပွဲလည်း ဖြစ်သည်။ ပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ တစ်ကြိမ်ကျင်းပခဲ့ပြီး ယခုလ တွင် ထပ်မံကျင်းပခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ပြိုင်ပွဲများ ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် Joy Masters 8 Ball ပြိုင်ပွဲတွင် ၉၆ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရရှိထားကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ကစားသမား ၂၄၀ အထိ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ပြိုင်ပွဲဝင် အရေအတွက်များသောကြောင့် အဆင့်များ ခွဲ၍ ကျင်းပနေခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲအတွက် အဆင့်သတ်မှတ်ချက်တွင် ၂၀ ရှိသောကြောင့် ၉၆ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ပြိုင်ပွဲကို အောက်တိုဘာ ၁၅ ရက်မှစ၍ ကျင်းပလျက်ရှိပြီး ဘုန်းမြင့်ကျော်ယှဉ်ပြိုင်ရမည့် ၉၆ ဦး အဆင့်ကို အောက်တိုဘာ ၂၀ ရက်တွင် စတင် ကျင်းပမည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲမှာ တရုတ်နိုင်ငံမှ နာမည်ကြီး Pool ကစားသမားများ အပါအဝင် ကစားသမား ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်နေသည့်ပြိုင်ပွဲဖြစ်ပြီး တရုတ် နိုင်ငံ၏ နံပါတ် ၂ အဆင့်ရှိသည့်ပြိုင်ပွဲလည်း ဖြစ်သည်။ ပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ တစ်ကြိမ်ကျင်းပခဲ့ပြီး ယခုလ တွင် ထပ်မံကျင်းပခြင်းဖြစ်သည်။ ဘုန်းမြင့် ကျော်သည် စက်တင်ဘာလကကျင်းပသည့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၆ ဦး အဆင့်မှ ထွက်ခဲ့ရသည်။ Joy Masters  ပြိုင်ပွဲ မှာ ဆုကြေးမြင့်မားသည့်ပြိုင်ပွဲဖြစ်ပြီး ချန် ပီယံဆုရသည့်ကစားသမားမှာ မြန်မာငွေ ကျပ်သိန်း ၃၀၀ နှင့် ညီမျှသည့်ပမာဏ ရရှိမည်ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် ၂၀၁၄ ခုနှစ်ကတည်းက တရုတ်နိုင်ငံသို့သွားရောက်၍ ပြိုင်ပွဲများယှဉ်ပြိုင်နေသူဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲပြီးနောက် မတ်လတွင် တရုတ်နိုင်ငံသို့ ပြန်လည်သွားရောက်၍ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ဘုန်း မြင့်ကျော်သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် Chinese 8 Ball ပြိုင်ပွဲ၊ Elite Tour ပြိုင်ပွဲအပါအဝင် ပြိုင်ပွဲပေါင်း ၂၀ ဝန်း ကျင် ဝင်ရောက်ယှဉ်ပြိုင်ထားသည်။ 

ဘုန်းမြင့်ကျော်သည် တရုတ်နိုင်ငံ၌ ကျင်းပသော ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ခုနစ်နှစ် ဝန်းကျင်ကာလအတွင်း ချန်ပီယံအောင်မြင်မှုများ ရရှိဖူးသော်လည်း ယခုနှစ်တွင် ချန်ပီယံဆုမရသေးဘဲ အမြင့်ဆုံး ဒုတိယနေရာသာရရှိထားသည်။ ဘုန်းမြင့်ကျော်သည် ယခုလတွင် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရန်ရှိသလို နိုဝင်ဘာနှင့် ဒီဇင်ဘာတွင်ကျင်းပမည့် Pool ပြိုင်ပွဲများတွင်လည်း ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် တရုတ်နိုင်ငံ၏ ထိပ်တန်း Pool ကစားသမားများသာ ယှဉ်ပြိုင်ခွင့်ရသည့် Chinese 8 Ball ပြိုင်ပွဲတွင်လည်း စတုတ္ထနေရာရရှိခဲ့သည်။ ထို့ပြင် ဘုန်းမြင့်ကျော်သည် Elite Tour 2020 8 Ball ပြိုင်ပွဲတွင် နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည်။

Most Read

Most Recent