ဘိုလော့ဂ်နာ - ဆာဆူအိုလို (တနင်္ဂနွေညနေ ၅းဝ၀ နာရီ)
အိမ်ကွင်းဆိုရင် ဘိုလော့ဂ်နာရဲ့ကစားပုံ ပိုကောင်းတတ် ပါတယ်။ ပြီးခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာ ပါးမားကို ဂိုးပြတ်အနိုင်ရထား ပြီး အိမ်ကွင်းမာဂုဏ်ကို ဆက်လက်ထိန်းသိမ်းထားဆဲပဲ။ ဒါပေ မဲ့ အခုကစားရမယ့် ဆာဆူအိုလိုက ရာသီအစမှာ အမြင့်ပျံနေ ပြီး (၃)ပွဲကစား (၇)မှတ်ရထားပါတယ်။ တိုက်စစ်တွဲလုံးတွေ ကောင်းမွန်ပြီး ဂိုးသွင်းနိုင်တဲ့ကစားသမားတွေလည်း များတယ်။ ဘိုလော့ဂ်နာ အမှတ်လျော့ပါလိမ့်မယ်။
စပီဇီယာ - ဖီအိုရင်တီးနား (တနင်္ဂနွေည ရး၃၀ နာရီ)
ခီယေဆာ အသင်းပြောင်းသွားပေမယ့် ဖီအိုရင်တီးနား မှာ တောင်ပံကစားသမားကောင်းတွေရှိနေပါတယ်။ ကူယာမီနဲ့ ဗလာဟိုဗစ်တို့ရဲ့ တိုက်စစ်တွဲလုံးတွေကောင်းမွန်သလို၊ ရီဘာရီ ကလည်း အားကိုးနေရဆဲပါပဲ။ စပီဇီယာက ကစားပုံစနစ်ကျပေ မဲ့ ဂိုးသွင်းမယ့်သူမရှိဘူး။ ဖီအိုရင်တီးနား နိုင်သင့်ပါတယ်။
တိုရီနို - ကာဂလီယာရီ (တနင်္ဂနွေည ရး၃၀ နာရီ)
ဆီမြွန်နီ၊ အူနက်စ်၊ ဂိုဒင်၊ မာကိုရော့ဂ်စတဲ့ကစားသမား သစ်တွေနဲ့ အသားကျမယ့်အချိန်ဆိုရင် ကာဂလီယာရီ ပိုပြီး ထက်မြက်လာပါလိမ့်မယ်။ လက်ရှိအချိန်မှာ တိုရီနိုက ပိုတည် ငြိမ်ပြီး စနစ်ကျပါတယ်။ ဘယ်လော့တီလည်း ဂိုးပေါက်တွေ့နေ လို့ (၂-၁)လောက်နဲ့ တိုရီနို နိုင်မယ်ထင်တယ်။
အူဒီးနီးစ် - ပါးမား (တနင်္ဂနွေည ၁ဝး၃၀ နာရီ)
နှစ်သင်းစလုံးကစားသမားကောင်းတချို့ အားဖြည့်ထား ပေမဲ့ ပုံစံကောင်းမပြနိုင်သေးဘူး။ ပါးမားက နောက်ဆုံးပွဲမှာ အနိုင်ရခဲ့ပေမဲ့ အူဒီးနီးစ်က ရှုံးပွဲဆက်နေဆဲပဲ။ ဒီပွဲမှာတော့ အူဒီး နီးစ် အမှတ်ရအောင် ယူပါလိမ့်မယ်။
ရိုးမား - ဘင်နီဗန်တို (တနင်္လာနံနက် ၁း၁၅ နာရီ)
ရိုးမားရဲ့ခြေစွမ်းကလည်း ယုံစားလို့မရသေးဘူး။ နည်းပြ ဖိလစ်ပိုအင်ဇာဂီရဲ့ ဘင်နီဗန်တိုက တန်းတက်အသင်းဆိုပေမဲ့ မထင်မှတ်ထားတာတွေ လုပ်ပြနေပြီး ဆမ်ဒိုးရီးယား၊ ဘိုလော့ဂ် နာတို့လို အသင်းတွေကို အနိုင်ကစားထားတယ်။ စီးရီးအေ အထာကျွမ်းကျင်တဲ့ကစားသမားတွေလည်း ဘင်နီဗန်တိုမှာ ရှိ နေလို့ ရိုးမားကိုလည်း ဒုက္ခပေးနိုင်မယ်ထင်တယ်။ ရိုးမား (၂) ဂိုးပြတ်နိုင်ဖို့ ခက်ပါတယ်။
■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက်
ကိုလုံး - ဖရန့်ဖတ် (တနင်္ဂနွေည ၈း၀၀ နာရီ)
လတ်တလောရပ်တည်မှု ကွာခြားလွန်းတဲ့(၂)သင်း တွေ့ ဆုံကြတာဖြစ်ပါတယ်။ ကိုလုံးအသင်း ရှုံးပွဲဆက်နေပေမဲ့ ဒီပွဲမှာ အမှတ်စယူဖို့များတယ်။
ရှော်လ်ကေး - အူန်ယွန်းဘာလင် (တနင်္ဂနွေည ၁၀း၃၀ နာရီ)
ရှော်လ်ကေးရဲ့အခြေအနေက အတော်လေးဆိုးရွားနေ ပါတယ်။ ဒီလိုပွဲမျိုးတော့ ရှော်လ်ကေးတို့ မဖြစ်မနေအမှတ်ယူ သင့်တယ်။