ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 18 October 2020

ရှက်ဖီးယူနိုက်တက် - ဖူလ်ဟမ် (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

ဖူလ်ဟမ်က ပြိုင်ပွဲစုံ နောက်ဆုံး (၃)ပွဲဆက် သွင်းဂိုးမရသလို၊ ဆက်တိုက်ရှုံးခဲ့တယ်။ စကော့ပါကားကိုယ်တိုင် ဖိအားများနေသလို၊ အသင်းရဲ့ ယုံကြည်မှုကလည်း ကျဆင်းနေ တယ်။ မနှစ်က ခြေစွမ်းပြခဲ့ပေမယ့် ဒီနှစ်ရုန်းကန်နေရတဲ့ ရှက်ဖီးယူနိုက်တက်အတွက် တော့ ဒီရာသီမှာ ပထမဆုံးနိုင်ပွဲယူနိုင်ဖို့အတွက် အခွင့်အရေးကောင်းလို့ ပြောရမယ်။ Turning point လည်း ဖြစ်လာနိုင်တယ်။ ရှက်ဖီး (၂-၁)လောက်ဖြစ်မယ်။ 

ခရစ္စတယ်ပဲလေ့စ် - ဘရိုက်တန် (တနင်္ဂနွေည ရး၃၀ နာရီ)

ပဲလေ့စ်က အဲဗာတန်၊ ချယ်လ်ဆီးတို့ကို ဆက်တိုက်ရှုံးခဲ့ပြီး ဘရိုက်တန်ကလည်း မန်ယူနဲ့ အဲဗာတန်တို့ကို ရှုံးထားတယ်။ ရလဒ်တွေဆိုးနေကြတယ်ဆိုပေမယ့် အသင်းကြီး တွေနဲ့ ကစားရတာမျိုးဖြစ်နေပြီး၊ နှစ်သင်းစလုံးရဲ့ကစားပုံက မဆိုးပါဘူး။ ခြေသိပ်မကွာ သလို၊ ရလဒ်လည်းမကွာဘူး။ သရေကျသွားရင် အံ့သြစရာမရှိပါဘူး။ ဒါပေမဲ့ ပဲလေ့စ်တိုက် စစ်က တစ်ဦးချင်းမှာ မထင်မှတ်တာတွေလုပ်ပြနိုင်တာကိုတော့ သတိပြုရမယ်။ 

စပါး - ဝက်စ်ဟမ်း (တနင်္ဂနွေည ၁၀း၀၀ နာရီ)

ဝက်စ်ဟမ်းက လက်စတာနဲ့ ပွဲတုန်းကတော့ မထင်မှတ်ဘဲ ဂိုးပြတ်နိုင်ပွဲယူသွားခဲ့ တယ်။ အခု စပါးနဲ့ ပွဲမှာလည်း ဘာတွေထပ်လုပ်ပြနိုင်မလဲဆိုတာ ကြည့်ရမယ်။ စပါးက ဒီ ရာသီမှာ တော်တော်လေး တိုးတက်လာပြီး၊ အထူးသဖြင့် တိုက်စစ်ပိုင်း စွမ်းဆောင်ရည်က  အရမ်းအားကောင်းနေပါတယ်။ ဒီပွဲမှာ ဂါရတ်ဘေးလ်လည်း ပါလာနိုင်တယ်။ စပါး နိုင်ပွဲယူ ပါလိမ့်မယ်။ 

လက်စတာ - အက်စတွန်ဗီလာ (တနင်္လာနံနက် ၀၀း၄၅ နာရီ)

လက်စတာအတွက် နောက်ထပ်ခက်ခဲမယ့်ပွဲပါ။ မနှစ်က ဗီလာကို နှစ်ကျော့စလုံး ဂိုးပြတ်အနိုင်ကစားခဲ့ပေမယ့် လက်ရှိဗီလာရဲ့ယုံကြည်မှုက အမြင့်ဆုံးကို ရောက်နေတယ်။ လီဗာပူးလ်ကို ဂိုးပြတ်နိုင်ခဲ့တာ တစ်ခုတည်းကြောင့်တင်မဟုတ်ဘဲ ပရီးမီးယားလိဂ်မှာ နိုင် ပွဲဆက်နေပြီး တိုက်စစ်ပိုင်းကလည်း သိသိသာသာတိုးတက်လာပါတယ်။ လက်စတာအိမ် ကွင်းဆိုပေမယ့် (၁-၁၊ ၂-၂) ရလဒ်တွေ ဖြစ်သွားနိုင်တယ်။ 

Most Read

Most Recent