မန်စီးတီးနှင့်ပွဲတွင် ပါတေးနှင့် တီယာနေးတို့ ပါဝင်ဖွယ်ရှိ

မန်စီးတီးနှင့်ပွဲတွင် ပါတေးနှင့် တီယာနေးတို့ ပါဝင်ဖွယ်ရှိ
Photos : Arsenal
Photos : Arsenal
Published 16 October 2020

အာဆင်နယ်အသင်း၏ ကစားသမားသစ် သောမတ်စ်ပါတေးနှင့် နောက်ခံလူ တီယာနေးတို့သည် မန်စီးတီးအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်လာဖွယ်ရှိနေကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းနည်းပြ အာတီတာက "ဒီနေ့ ပထမဆုံး လေ့ကျင့်ခန်းလုပ်ပါတယ်။ ပါတေးက ကစားချင်ပေမယ့် ကျွန်တော်စောင့်ကြည့်ရဦးမှာပါ။ တီယာနေးအတွက်လည်း တာဝန်ရှိသူတချို့နဲ့ ဆွေးနွေးနေပါတယ်"ဟုဆိုခဲ့သည်။

တီယာနေးသည် စကော့တလန်အသင်းဖော် အမ်းစထရောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် သီးခြားခွဲနေရန် ညွှန်ကြားခံထားရသူဖြစ်သည်။

အာဆင်နယ်အသင်းသည် မန်စီးတီးနှင့်တွေ့ဆုံသည့် ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး ပြီးခဲ့သည့် ရာသီအတွင်း တွေ့ဆုံခဲ့သည့် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင်မူ (၂-ဝ)ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့သည်။

Most Read

Most Recent