ဂေါ့ဖ်လောကမှ အတွေးအမြင်များကို မိမိယူဆောင်လေ့ရှိသည်ဟု Puma India Instagram နှင့် အင်တာဗျူးတွင် ဂွါဒီယိုလာ ဖွင့်ဟ

ဂေါ့ဖ်လောကမှ အတွေးအမြင်များကို မိမိယူဆောင်လေ့ရှိသည်ဟု Puma India Instagram နှင့် အင်တာဗျူးတွင် ဂွါဒီယိုလာ ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 15 October 2020

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မိမိသည် ဘောလုံးအသင်းနည်းပြတစ်ဦးဖြစ်သော်လည်း အခြားအားကစားနည်းမှ အတွေးအမြင်များကို ယူလေ့ရှိသည်ဟု Puma India Instagram နှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Puma ကုမ္ပဏီသည် ဂျာမနီနာမည်ကြီး အားကစားကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိ မန်စီးတီးအသင်း၏ စပွန်ဆာကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် ဈေးကွက်ဝယ်လိုအားများစွာရှိသည့် အိန္ဒိယနှင့်ချိတ်ဆက်ကာ အင်တာဗျူးအစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအင်တာဗျူးတွင် ဂွါဒီယိုလာ၏ နည်းပြဘဝအတွေးအမြင်များလည်း ပါဝင်ခဲ့သည်။

ဂွါဒီယိုလာက သူသည် ဘောလုံးနည်းပြတစ်ဦးဖြစ်သော်လည်း အခြားအားကစားနည်းများထံမှ အတွေးအမြင်များကို ယူလေ့ရှိပြီး ဘောလုံးတွင် အရေးကြီးသည့်အချက်တစ်ခုမှာ ဂေါ့ဖ်အားကစားသမားများကဲ့သို့ စည်းကမ်းလိုက်နာပြီး အတွင်းစိတ်ခိုင်မာမှုဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

ဂွါဒီယိုလာက "ခင်ဗျားဟာ Other Sports ကနေ အများကြီး သင်ယူလို့ရပါတယ်။ ဒါကို သိသွားတာက တကယ်ကောင်းတဲ့အချက်ပါ။ ဥပမာပြောရရင် ဂေါ့ဖ်ကစားသမားတွေရဲ့ အတွင်းစိတ်ကို ချဉ်းကပ်ပုံဟာ အရမ်းအရေးကြီးပါတယ်။ ဂေါ့ဖ်ကစားသမားတွေရဲ့ ပြုမူလှုပ်ရှားပုံက အရမ်းစမတ်ကျပြီး၊ စည်းကမ်းလိုက်နာမှုကလည်း လေးစားစရာပါ။ သူတို့ရဲ့အတွင်းစိတ်တွေက ဘယ်လောက်ခိုင်မာသလဲဆိုတာကို ဘောလုံးသမားတွေ လေ့လာဖို့လိုပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အများကြီးလေ့လာပါတယ်။ ဘောလုံးသမားဆိုတာ စမတ်ကျဖို့လိုပါတယ်။ သူတို့အနေနဲ့ စူးစမ်းလိုစိတ်လည်းရှိရပါမယ်။ အဲဒီလိုမဟုတ်တော့ရင် အမှားတွေ ကျူးလွန်တော့တာပါပဲ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent