နည်းပြ လမ်းပတ်နှင့် အဆင်မပြေသည့် ကွန်တေ ရီးယဲလ်သို့ ပြောင်းရွှေ့လို

နည်းပြ လမ်းပတ်နှင့် အဆင်မပြေသည့် ကွန်တေ ရီးယဲလ်သို့ ပြောင်းရွှေ့လို
Published 15 October 2020

ချယ်လ်လ်ဆီးအသင်း၏ ပြင်သစ်ကွင်းလယ်လူ ကွန်တေသည် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် နှင့်အဆင်မပြေဖြစ်နေပြီး စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန်ဆန္ဒရှိနေကြောင်း ပြင်သစ်သတင်းစာများက ဖော်ပြခဲ့ကြသည်။

ကွန်တေသည် မကြာသေးမီက သူ့သူငယ်ချင်းဖြစ်သူ မင်္ဂလာဆောင်သို့သွားရောက်ရန်အတွက် လေ့ကျင့်ရေးအစီအစဉ်တစ်ခုကို ပျက်ကွက်ခွင့်ပြုရန် လမ်းပတ်ထံ တောင်းဆိုခဲ့သော်လည်း လမ်းပတ်က ခွင့်မပြုခဲ့ကြောင်း သိရှိရသည်။ 

သို့ဖြစ်ရာ ကွန်တေသည် ယင်းကိစ္စအတွက် အလွန်ဒေါသထွက်ခဲ့ပြီး အသင်းမှထွက်ခွာရန်အထိပင် စဉ်းစားနေပြီဖြစ်ကြောင်း ပြင်သစ်သတင်းစာ Le Parisien က ဖော်ပြခဲ့သည်။ 

ယင်းသတင်းစာ၏ဖော်ပြချက်အရ ကွန်တေသည် သူ့အားခေါ်ယူရန် စိတ်ဝင်စားနေသည့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

လက်ရှိတွင် ချယ်လ်ဆီးအသင်းနှင့် ၎င်းချုပ်ဆိုထား သောစာချုပ်မှာ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေပြီး ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ၎င်းအား မြင့်မားသည့်ကြေးဖြင့် ကမ်းလှမ်းရဖွယ်ရှိနေသည်။ 

ကွန်တေသည် ၂၀၁၆ နွေရာသီတွင် ချယ်လ်ဆီးအသင်းသို့ လက်စတာအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် (၃၂)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။

Most Read

Most Recent