ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုကို အဲဗာတန်အသင်းမှနှစ်ဦး တစ်ပြိုင်တည်းရရှိခြင်းမှာ ၂၀၀၉ နောက်ပိုင်း ပထမဆုံးဖြစ်

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုကို အဲဗာတန်အသင်းမှနှစ်ဦး တစ်ပြိုင်တည်းရရှိခြင်းမှာ ၂၀၀၉ နောက်ပိုင်း ပထမဆုံးဖြစ်
Photos : Getty Images
Photos : Getty Images
Published 11 October 2020

အန်ဆယ်လော့တီသည် စက်တင်ဘာလအတွင်းကစားခဲ့သည့် ရာသီအဖွင့်ပွဲစဉ် သုံးပွဲတွင် စပါးအသင်းကို အဝေးကွင်း၌ (၁-၀) ဂိုး၊ ဝက်စ်ဘရွန်းအသင်း ကို အိမ်ကွင်း၌ (၅-၂) ဂိုး၊ ပဲလေ့စ်အသင်းကို အဝေးကွင်း၌ (၁-၂) ဂိုးဖြင့် အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲရရှိစေရန် စွမ်းဆောင်ပေးနိုင်သဖြင့် အကောင်းဆုံးနည်းပြဆု ရရှိခြင်းဖြစ်သည်။ 

၀၂၀-၂၀၂၁ ရာသီအတွက် ပထမဆုံး ချီးမြှင့်သည့် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုကို အဲဗာတန်အသင်းနည်းပြ အန်ဆယ်လော့တီနှင့် တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်တို့ ဆွတ်ခူးရရှိခဲ့ပြီး ယင်းကဲ့သို့ တစ်လတာဆုကို အဲဗာတန်အသင်းမှနှစ်ဦး တစ်ပြိုင်တည်းရရှိခြင်းမှာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာအတွက် အကောင်းဆုံးဆု ရရှိသူများကို သောကြာနေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပြီး နည်းပြဆုကို အန်ဆယ်လော့တီ၊ ကစားသမားဆုကို ကယ်လ်ဗတ်လူဝင်နှင့် သွင်းဂိုးဆုကို မတ်ဒီဆန် (လက်စတာ) တို့ ဆွတ်ခူးရရှိခဲ့သည်။

 

အန်ဆယ်လော့တီသည် စက်တင်ဘာလအတွင်းကစားခဲ့သည့် ရာသီအဖွင့်ပွဲစဉ် သုံးပွဲတွင် စပါးအသင်းကို အဝေးကွင်း၌ (၁-၀) ဂိုး၊ ဝက်စ်ဘရွန်းအသင်း ကို အိမ်ကွင်း၌ (၅-၂) ဂိုး၊ ပဲလေ့စ်အသင်းကို အဝေးကွင်း၌ (၁-၂) ဂိုးဖြင့် အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲရရှိစေရန် စွမ်းဆောင်ပေးနိုင်သဖြင့် အကောင်းဆုံးနည်းပြဆု ရရှိခြင်းဖြစ်သည်။ 

အန်ဆယ်လော့တီသည် ယင်းဆုကို ငါးကြိမ်မြောက် (ချယ်လ်ဆီးနှင့် လေးကြိမ်) ရရှိခြင်း ဖြစ်ပြီး ယာဂန်ကလော့ပ် (လီဗာပူးလ်)၊ ဘရန်ဒန်ရော်ဂျာ (လက်စတာ)၊ ဒင်းန်စမစ် (ဗီလာ) တို့ထက် မဲအသာဖြင့် ရရှိခြင်းဖြစ်သည်။ 

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်မှာလည်း ဝက်စ်ဘရွန်းနှင့်ပွဲတွင် ဟက်ထရစ်အပါအဝင် သုံးပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်းငါးဂိုးသွင်းယူနိုင်သဖြင့် တစ်လတာအကောင်းဆုံးဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရယူနိုင်ခဲ့သည်။

Most Read

Most Recent