COVID-19 ကြောင့် အသွားအလာကန့်သတ်ထားသည့်အတွက် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တိုင်းနှင့် ပြည်နယ်များမှ ကုန်စည်ဝင်ရောက်မှု ယခင်ထက် လေးပုံသုံးပုံလျော့ကျ

COVID-19 ကြောင့် အသွားအလာကန့်သတ်ထားသည့်အတွက် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တိုင်းနှင့် ပြည်နယ်များမှ ကုန်စည်ဝင်ရောက်မှု ယခင်ထက် လေးပုံသုံးပုံလျော့ကျ
Published 3 October 2020

COVID-19 ကြောင့် အသွားအလာကန့်သတ်ထားသည့်အတွက် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကုန်စည်ဝင်ရောက်မှုမှာ ယခင်ကထက် လေးပုံသုံးပုံလျော့ကျကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။

“ အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် ဘုရင့်နောင်ကို ကုန်အဝင်က လေးပုံတစ်ပုံပဲ ရောက်တော့တာ။ လေးပုံသုံးပုံက လျော့သွားတာ။ အရင်တုန်းက ကုန်ကားက ဘုရင့်နောင်မှာ တစ်နေ့ကို ၁၀၀၀၊ ၁၂၀၀ နဲ့ ၁၃၀၀ လောက်ဝင်တယ်။ အခုက အစီး ၃၅၀ နဲ့  ၄၀၀ ကြားလောက်ပဲ ဝင်တော့တယ်။ အများကြီး လျော့သွားတယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။

“ တိုင်းနဲ့ ပြည်နယ်မှာ သူတို့ဘက်ကထွက်တဲ့ကားတွေလည်း စစ်ပေးလိုက်၊ ရန်ကုန်ကလည်း စစ်ပေးလိုက်ပေါ့။ သူ့ဟာသူလည်သွားတဲ့အချိန်ကျရင် ပြန်ကောင်းသွားမှာပါ။ ကျွန်တော်မြင်တာက လာမယ့်တနင်္လာ၊ အင်္ဂါလောက်ဆိုရင်တော့ ကုန်တွေပြန်များလာမယ်။ များလာရင်အခြေအနေ ပိုကောင်းသွားမှာပါ။ အာလူးကလည်း တနေ့ ငါးစီးခြောက်စီးလောက်ပဲ အဝင်ရှိတော့တယ်။ တရုတ် အာလူးက ၉၀၀ စျေးပဲ။ စျေးမတက်ဘူး။ အရင်တုန်းက ကြက်သွန်ဆိုရင် အစည်း ၂၀၊ ၂၅၊ ၃၀၊ အာလူးဆိုရင် ၁၅ စီး၊ အစီး၂၀၊ ၂၅ ပေါ့နော်။ အဲဒီတော့ လေးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်” ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၂ ရက်တွင် ကြက်သွန်နီဆိတ်ဖြူရှယ် တစ်ပိဿာ ၁၂၅၀ ကျပ်၊ ဆိတ်ဖြူလတ်သန့် တစ်ပိဿာ ၁၂၀၀ နှင့် ဆိတ်ဖြူလတ်ချော တစ်ပိဿာ ကျပ် ၈၀၀ စျေးရှိသည်။ ကြက်သွန်ဖြူအနေဖြင့် ကြူကုတ်ရှယ်တစ်ပိဿာ ကျပ် ၁၇၅၀၊ အောင်ပန်းထူး-၃ တစ်ပိဿာ ကျပ် ၁၇၀၀၊ အောင်ပန်းထူး-၄ တစ်ပိဿာ ကျပ် ၁၉၀၀ နှင့် အောင်ပန်းထူး-၅ တစ်ပိဿာ ကျပ် ၂၁၀၀ စျေးရှိကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်တွင် ကြက်သွန်နီဆိတ်ဖြူရှယ် တစ်ပိဿာ ၁၂၀၀ ကျပ်၊ ဆိတ်ဖြူလတ်သန့် တစ်ပိဿာ ၁၁၀၀ နှင့် ဆိတ်ဖြူလတ်ချော တစ်ပိဿာ ကျပ် ၁၀၀၀ စျေးရှိသည်။ ကြက်သွန်ဖြူအနေဖြင့် ကြူကုတ်ရှယ်တစ်ပိဿာ ကျပ် ၁၈၅၀၊ အောင်ပန်းထူး-၃ တစ်ပိဿာ ကျပ် ၁၇၀၀၊ အောင်ပန်းထူး-၄ တစ်ပိဿာ ကျပ် ၁၉၀၀ နှင့် အောင်ပန်းထူး-၅ တစ်ပိဿာ ကျပ် ၂၁၀၀ စျေးရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၃ ရက်က ကြက်သွန်နီ ဆိတ်ဖြူရှယ် တစ်ပိဿာ ၈၅၀ ကျပ်၊ ဆိတ်ဖြူလတ်သန့် တစ်ပိဿာ ၈၅၀ နှင့် ဆိတ်ဖြူလတ်ချော တစ်ပိဿာ ကျပ် ၅၅၀ စျေးရှိသည်။ ကြက်သွန်ဖြူအနေဖြင့် ကြူကုတ်ရှယ် တစ်ပိဿာ ကျပ် ၁၈၅၀၊ အောင်ပန်းထူး-၃ တစ်ပိဿာ ကျပ် ၁၇၀၀၊ အောင်ပန်း ထူး-၄ တစ်ပိဿာ ကျပ် ၁၉၀၀ နှင့်အောင်ပန်းထူး-၅တစ်ပိဿာ ကျပ် ၂၁၀၀ စျေးရှိသည်။

စက်တင်ဘာ ၁၄ ရက်က ကြက်သွန်နီ ဆိတ်ဖြူရှယ် တစ်ပိဿာ ၅၂၅ ကျပ်၊ ဆိတ်ဖြူလတ်သန့် တစ်ပိဿာ ၅၂၅ နှင့် ဆိတ်ဖြူလတ်ချော တစ်ပိဿာ ကျပ် ၄၂၅ စျေးရှိသည်။ ကြက်သွန်ဖြူအနေဖြင့် ကြူကုတ်ရှယ် တစ်ပိဿာကျပ် ၁၈၅၀၊ အောင်ပန်းထူး-၃ တစ်ပိဿာ ကျပ် ၁၇၀၀၊ အောင်ပန်းထူး-၄ တစ်ပိဿာ ကျပ် ၁၉၀၀ နှင့် အောင်ပန်းထူး-၅ တစ်ပိဿာ ကျပ် ၂၁၀၀ စျေး ရှိခဲ့သည်။

Most Read

Most Recent