ထိပ်ဆုံး(၄)သင်းစာရင်းဝင်မှ ဆိုးလ်ရှား၏အနာဂတ် စိတ်ချရမည်ဟု ရွိုင်ကင်း ဆို

ထိပ်ဆုံး(၄)သင်းစာရင်းဝင်မှ ဆိုးလ်ရှား၏အနာဂတ် စိတ်ချရမည်ဟု ရွိုင်ကင်း ဆို
Photo: Goal.com
Photo: Goal.com
Published 29 September 2020

မန်ယူအသင်း၏ ကွင်းလယ်ကစားသမားဟောင်း ရွိုင်ကင်းက လက်ရှိမန်ယူနည်းပြ ဆိုးလ်ရှား၏အနာဂတ်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထိပ်ဆုံး(၄)သင်းစာရင်းဝင်မှ သို့မဟုတ် ချန်ပီယံဆုဖလားတစ်ခုခု ရယူနိုင်မှသာ စိတ်ချရမည်ဟု ပြောကြားခဲ့သည်။ 

ဆိုးလ်ရှားသည် မန်ယူအသင်းကို ပြီးခဲ့သည့်ရာသီက တတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ဟန်းနီးမွန်းကာလ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လက်ရှိရာသီတွင် ဖိအားများနှင့် စတင်ရင်ဆိုင်နေရပြီဟုလည်း ရွိုင်ကင်းက ဆိုခဲ့သည်။ 

ရွိုင်ကင်းက "ပြီးခဲ့တဲ့နှစ်မှာ ပြိုင်ပွဲ(၃)ခုရဲ့ ဆီမီးဖိုင်နယ်ကိုလည်း ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် တော့ ခြားနားသွားပါပြီ။ အဲဒါတွေက ပိုမြင့်မားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာပါလိမ့်မယ်။ ပဲလေ့စ်နဲ့ ဘရိုက်တန်ပွဲတွေမှာ ပြသခဲ့တဲ့ လက္ခဏာတွေက စိုးရိမ်စရာကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲကစားထားရာတွင် ခရစ္စတယ်ပဲလေ့စ်အသင်းကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဘရိုက်တန်အသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရထားသည်။ 

ယခုရာသီ မန်ယူအသင်း၏ ကစားပုံကို အသင်းကစားသမားဟောင်းများနှင့် ဘောလုံးဝေဖန်သုံးသပ်သူများက ဝေဖန်နေကြသလို၊ အသင်းပရိသတ်များကလည်း ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမား ခေါ်ယူမှု နည်းပါးခြင်းနှင့်ပတ်သက်ပြီး အသင်းကို ဝေဖန်နေကြသည်။ 

Most Read

Most Recent