အဲဗာတန်၊ လက်စတာအသင်းများနှင့် ထိပ်ဆုံး၌ပူးတွဲရပ်တည်နေခြင်းမှာ အံ့အားသင့်စရာမရှိဟု ကလော့ပ် သုံးသပ်

အဲဗာတန်၊ လက်စတာအသင်းများနှင့် ထိပ်ဆုံး၌ပူးတွဲရပ်တည်နေခြင်းမှာ အံ့အားသင့်စရာမရှိဟု ကလော့ပ် သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 29 September 2020

စက်တင်ဘာလ (၂၈) ရက်က ကစားခဲ့သည့် လီဗာပူးလ် (၃-၁) အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အဲဗာတန်၊ လက်စတာအသင်းများနှင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာ၌ ပူးတွဲရပ်တည်နေခြင်းမှာ အံ့အားသင့်စရာမရှိဟု လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။

    

ယင်းအခြေအနေနှင့်ပတ်သက်ပြီး ကလော့ပ်က "(အဲဗာတန်မန်နေဂျာ) ကာလိုအန်ဆယ်လော့တီက အပြောင်းအရွှေ့ဈေးကွက်မှာ အတော်လေးလှုပ်ရှားခဲ့တယ်။ ကျွန်တော့်အနေနဲ့ အရာအားလုံးကို အံ့ဩနေစရာမရှိ ပါဘူး။ လက်စတာအသင်းကလည်း ပုံမှန် လက်စတာပါပဲ။ သူတို့အသင်းက ဘောလုံးကို ကောင်းကောင်းကစားနိုင်တဲ့အသင်းပါ။ လက်ရှိအခြေအနေ(ထိပ်ဆုံး ၃ သင်း အပြိုင် ဖြစ်နေမှု)ကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ အခုမှ အစပဲရှိပါသေးတယ်"ဟု ပြောကြားခဲ့သည်။ 

ယင်းပွဲတွင် အာဆင်နယ်တိုက်စစ်မှူး လာကာဇက်က (၂၅)မိနစ်တွင် ဦးဆောင်ဂိုးသွင်းခဲ့သော်လည်း (၃)မိနစ်အကြာတွင် မာနေက ချေပဂိုးပြန်သွင်းခဲ့ပြီး (၃၄)မိနစ်နှင့် (၈၈)မိနစ်တို့တွင် ရောဘတ်ဆန်၊ ယိုတာတို့က အနိုင်ဂိုးများ အသီးသီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းအနေဖြင့် လီဗာပူးလ်အသင်းနှင့် ပြိုင်ပွဲစုံ နောက်ဆုံးတွေ့ဆုံမှု (၄)ပွဲတွင် သာမန်ပွဲကစားချိန်အတွင်း ပထမဆုံးရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။

    

ပွဲဦးထွက်ဂိုးသွင်းခဲ့သည့် ယိုတာအပါအဝင် ကစားသမားများကို နည်းပြ ကလော့ပ်က ချီးကျူးခဲ့သည်။ 

"ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်ကို လုံးဝကျေနပ်ပါတယ်။ အသင်းက ဘောလုံးကို ကောင်းကောင်းက စားနိုင်ခဲ့သလို၊ ပြောင်းလဲပြင်လွယ်တဲ့ အနေအထားလည်းရှိပါတယ်။ ဒီယေဂိုယိုတာရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး အမှန်တကယ် ကျေနပ်မိပါတယ်။ ထိပ်တန်းကစားသမားပါ။ သူဟာ ကျွန်တော့်ရဲ့ပစ်မှတ်ထဲမှာ (၂)နှစ် သို့မဟုတ် (၃)နှစ်လောက် ကြာခဲ့ပြီး အခုတော့ အသင်းမှာရှိနေပါပြီ"ဟု ကလော့ပ်က ပြောကြားခဲ့သည်။

Most Read

Most Recent