၎င်း၏ဒဏ်ရာအခြေအနေနှင့် အနားယူရမည့်ကာလကို မန်စီးတီးအသင်းက ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ကမ္ဘာ့ဖလားခြေစစ် ပွဲကိုပါ လွဲချော်မည်ဖြစ်သောကြောင့် အနည်းဆုံးသုံးပတ်ခန့် အနားယူရနိုင်ကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြနေခြင်းဖြစ်သည်။
မန်စီးတီးအသင်း၏ ဒဏ်ရာရကစား သမားစာရင်းတွင် ဘရာဇီးလ်တိုက်စစ်မှူး ဂါဘရီယဲလ်ဂျေးဇူးထပ်တိုးလာပြီး အနည်းဆုံးသုံးပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
ဂျေးဇူးသည် ပြီးခဲ့သည့်တနင်္လာနေ့က ဝုလ်ဗ်အသင်းနှင့်ပွဲတွင် ပွဲချိန်ပြည့်ကစားခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပို၌ အနိုင်ဂိုးတစ် ဂိုးသွင်းယူပေးခဲ့သည်။ သို့သော် ယင်းပွဲပြီးနောက် ကြာသပတေးနေ့က ကစားသည့် လိဂ်ဖလား တတိယအဆင့်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိသလို အောက်တိုဘာလအတွင်း ကမ္ဘာ့ ဖလားခြေစစ်ပွဲကစားမည့် ဘရာဇီးလ်အသင်း လူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
၎င်း၏ဒဏ်ရာအခြေအနေနှင့် အနားယူရမည့်ကာလကို မန်စီးတီးအသင်းက ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲကိုပါ လွဲချော်မည်ဖြစ်သောကြောင့် အနည်းဆုံးသုံးပတ်ခန့် အနားယူရနိုင်ကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြနေခြင်းဖြစ်သည်။
"ကစားသမားရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အင်္ဂလိပ်ကလပ်က ဘရာဇီးလ်လက်ရွေးစင်အသင်းဆရာဝန် ရိုဒရီဂိုလက်စ်မာဆီ ဆက်သွယ်အကြောင်းကြားလာပါတယ်" ဟု ဘရာဇီးလ်လက်ရွေးစင်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မန်စီးတီးအသင်း၏ အဓိကတိုက်စစ်မှူး အဂွဲရိုးမှာလည်း ဒူးဒဏ်ရာကြောင့် ခုနစ်ပတ်ခန့် ထပ်မံအနားယူရဖွယ်ရှိရာ အသင်းတွင် အဓိကတိုက်စစ်မှူး တစ်ဦးမျှမရှိတော့ကြောင်း သိရသည်။
မန်စီးတီးအသင်း၏ ဒဏ်ရာရစာရင်း
အမည် ဒဏ်ရာ ကစားနိုင်မည့်နေ့
အဂွဲရိုး ဒူး ၃၁-၁၀-၂၀
ဘာနာဒိုဆေးလ်ဗား ပေါင် ၁၇-၁၀-၂၀
ဂွန်ဒိုဂန် COVID-19 ၁၇-၁၀-၂၀
ကန်ဆယ်လို ခြေချင်းဝတ် ၁၇-၁၀-၂၀
ဇင်ချန်ကို ကြွက်သား ၁၇-၁၀-၂၀
ဂျေးဇူး ကြွက်သား ၁၇-၁၀-၂၀
လာပေါ့တ် COVID-19 ၂၇-၉-၂၀