အပြောင်းအရွှေ့သတင်းတိုများ

အပြောင်းအရွှေ့သတင်းတိုများ
Photo: Getty Images
Photo: Getty Images
Published 24 September 2020

- လီဗာပူးလ်အသင်းသည် မန်စီးတီး၊ PSG အသင်းတို့ စိတ်ဝင်စားနေသည့် နာပိုလီအသင်း၏ နောက်ခံလူ ကူလီဘလီအား ခေါ်ယူရန်အတွက် ၎င်း၏ ဆီနီဂေါအသင်းဖော်ဖြစ်သည့် မာနေကတစ်ဆင့် ကြိုးပမ်းမှုများပြုလုပ်လျက်ရှိသည်ဟု သိရှိရသည်။

- PSG အသင်းသည် ချယ်လ်ဆီးအသင်းတွင် ပုံမှန်နေရာရရန် မလွယ်ကူသည့် ဂျာမနီလက်ရွေးစင်နောက်ခံလူ ရူဒီဂါအား (၁)ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

- ရိုးမားအသင်းသည် ပြောင်းရွှေ့ကြေးကိစ္စအဆင်မပြေဖြစ်နေသဖြင့် ကြန့်ကြာနေသည့် စမောလင်းကို အပြီးသတ်ခေါ်ယူရန်ကိစ္စအား ပြန်လည်ကြိုးစားရန် စီစဉ်မှုများပြုလုပ်နေပြီး မန်ယူအသင်းက တောင်းဆိုသည့် ပြောင်းရွှေ့ကြေး ယူရို (၁၈)သန်းနီးပါးအထိ တိုးမြှင့်ကမ်းလှမ်းမည်ဟု သိရှိရသည်။

- အက်စတွန်ဗီလာအသင်းသည် ချယ်လ်ဆီးအသင်းတွင် ပုံမှန်နေရာ ပျောက်ဆုံးဖွယ်ရှိနေသည့် အင်္ဂလိပ်ကစားသမားနှစ်ဦးဖြစ်သည့် လော့ဖ်တပ်စ်ချိခ်နှင့် ဘာကလေတို့အား အငှားစာချုပ်များဖြင့် ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

- အာဆင်နယ်အသင်းသည် ဘာစီလိုနာအသင်း၏ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုအား အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေပြီး ကြိုးပမ်းမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေသည်။

- လာဇီယိုအသင်းသည် ၂၀၁၇ က ဆောက်သမ်တန်အသင်းထံသို့  ယူရို (၁၇)သန်းဖြင့် ရောင်းထုတ်ခဲ့ဖူးသည့် နယ်သာလန်နောက်ခံလူ ဝက်စလေဟို့ဒ်အား တစ်ရာသီအငှားစာချုပ်ဖြင့် ပြန်လည်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

- အီတလီနှင့် ရိုးမားဂန္ထဝင်ကစားသမားဟောင်း တော့တီသည် ရိုးမားအသင်း၏ အားကစားဒါရိုက်တာအဖြစ် ဘောလုံးလောကအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။ 

Most Read

Most Recent