ဘွန်ဒစ်လီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 18 September 2020

ဘိုင်ယန်မြူးနစ် - ရှော်လ်ကေး (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၉ ရက်၊ နံနက် ၁:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းက ရာသီကြိုခြေစမ်းပွဲ လုံးဝမကစားခဲ့သလို၊ ဂျာမန်ဖလားပွဲကိုလည်း ရွှေ့ဆိုင်းထားရလို့ အခုမှ ရာသီသစ်အတွက် ပထမဆုံးပွဲ ကစားရတာပါ။ ဒါပေမဲ့ ဘိုင်ယန်အသင်းက အကောင်းဆုံးပုံစံ ရောက်နေတဲ့အသင်းဖြစ်လို့ ပြဿနာတော့ မရှိနိုင်ပါဘူး။ ဆာနေးရောက်လာတဲ့ တောင်ပံတိုက်စစ်ပိုင်း၊ ဇူလာနဲ့ အလာဘာအတွဲကို ခံစစ်မှာ စမ်းသပ်လာနိုင်တာတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ရှော်လ်ကေးကတော့ မက်ကန်နီး၊ ကာလီဂူရီတို့ထွက်သွားတဲ့ ဟာကွက်ကို ပြန်အစားထိုးနိုင်ဖို့ မလွယ်လောက်သေးဘူး။ ဘိုင်ယန်ကိုပဲ ရွေးချယ်ရမှာပါ။

■ ဘိုင်ယန်မြူးနစ်အသင်းသည် ရှော်လ်ကေးအသင်းနှင့် ပြိုင်ပွဲစုံနောက်ဆုံး တွေ့ဆုံမှု (၈)ပွဲတွင်

ပထမပိုင်းတွင်ရော ဒုတိယပိုင်းမှာပါ အနိုင်ကစားထားသည်။

Most Read

Most Recent