ပရီးမီးယားလိဂ်ဘောလုံးသတင်းတိုများ

ပရီးမီးယားလိဂ်ဘောလုံးသတင်းတိုများ
Photo: Getty Images
Photo: Getty Images
Published 18 September 2020

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက အသင်း၏လက်ရှိလူအင်အားနှင့် ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေနှစ်ရပ်စလုံးအပေါ် ကျေနပ်အားရမှုရှိကြောင်းနှင့် လာမည့်ရာသီတွင် ပုံမှန်စွမ်းဆောင်ရည်ကို ပြသနိုင်ရန်အတွက် ကြိုးစားပြင်ဆင်သွားမည်ဟု ဆိုခဲ့သည်။

အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမားဟောင်း ကာဇိုလာက အသင်း၏ အနာဂတ်အတွက် အရေးကြီးသည့် အချိန်တွင် ထိပ်တန်းအသင်းများ၏ ကမ်းလှမ်းမှုများကို ငြင်းပယ်ကာ အသင်းနှင့် စာချုပ်သက်တမ်းတိုးပြီး ဆက်လက်လက်တွဲရန် ဆုံးဖြတ်ခဲ့သည့် အူဘာမီယန်းအား ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့သည်။

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်သည် အသင်း၏ ကွင်းလယ်နှင့် နောက်ခံအတွင်းလူနေရာများတွင်အသုံးပြုနိုင်သည့် ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်အား ခေါ်ယူလိုနေသော်လည်း အသင်းဘုတ်အဖွဲ့ကမူ ဝက်စ်ဟမ်းအသင်းတောင်းဆိုနေသည့် ပေါင်သန်း (၇၀)အထိ တန်ကြေးမရှိသဖြင့် ခေါ်ယူပေးလိုခြင်းမရှိကြောင်းသိရှိရသည်။

ပရီးမီးယားလိဂ်တန်းတက်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းသည် နယ်သာလန်ကလပ် ဖီယင်နုအသင်း၏ တောင်ပံကစားသမားဖြစ်သည့် ခရီဆန်စီယိုဆမ်းမားဗီးလ်အား (၃)နှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်း၏ ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က မန်ယူအသင်း၏ အပြောင်းအရွှေ့လှုပ်ရှားမှုများကို အလွန်စိတ်ပျက်မိကြောင်းနှင့် မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းကဲ့သို့ အားဖြည့်ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

အဲဗာတန်အသင်းနည်းပြ အန်ဆယ်လော့တီက မိမိတို့အသင်းသည် ယခုရာသီတွင် ပိုမိုကောင်းမွန်သည့် အသင်းတစ်သင်း ဖြစ်လာမည်ဖြစ်ပြီး မည်သည့်အသင်းကိုမဆို အနိုင်ကစားနိုင်စွမ်းရှိကြောင်းပြောကြားခဲ့သည်။

 

Most Read

Most Recent