ရီးယဲလ်မက်ဒရစ်အသင်းမှ ဘရာဟင်မ်ဒီယက်ဇ်အား အငှားခေါ်ယူပြီးနောက် တိုက်စစ်မှူး ယိုဗစ်အား ထပ်မံခေါ်ယူရန် အေစီမီလန် စီစဉ်နေ

ရီးယဲလ်မက်ဒရစ်အသင်းမှ ဘရာဟင်မ်ဒီယက်ဇ်အား အငှားခေါ်ယူပြီးနောက် တိုက်စစ်မှူး ယိုဗစ်အား ထပ်မံခေါ်ယူရန် အေစီမီလန် စီစဉ်နေ
Photo: AS
Photo: AS
Published 7 September 2020

စီးရီးအေကလပ် အေစီမီလန်အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်း မှ လူငယ်တိုက်စစ်မှူး ဘရာဟင်မ်ဒီယက်ဇ် (၂၁ နှစ်)အား တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူပြီးနောက် နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်သည့် ယိုဗစ်ကို ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

    

ပြီးခဲ့သည့်ရာသီအဆုံးသတ်ပိုင်းတွင် နည်းပြ ပီအိုလီ၏ ဦးဆောင်မှုနှင့်အတူ ရလဒ်ကောင်းများရယူနိုင်ခဲ့သည့် အေစီမီလန်အသင်းသည် ရာသီသစ်အတွက် ပြင်ဆင်မှုများစွာပြုလုပ်နေပြီး ယခုအခါ အသင်း၏တိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် ရီးယဲလ်အသင်းတွင် ပုံမှန်ခြေစွမ်းပြရန် ရုန်းကန်နေရသည့် ဆားဘီးယားတိုက်စစ်မှူး ယိုဗစ် (၂၂ နှစ်)အား ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

ရောမအခြေစိုက် အီတလီသတင်းစာ La Repubblica ၏ဖော်ပြချက်အရ အေစီမီလန်အသင်းတာဝန်ရှိသူများသည်  ယိုဗစ်၏ အေးဂျင့်ဖြစ်သူ ရာမာဒါနီနှင့် တွေ့ဆုံလျက်ရှိပြီး ဘရာဟင်မ်ဒီယက်ဇ်ကဲ့သို့ အငှားခေါ်ယူရန် စီစဉ် နေကြောင်း သိရသည်။

ထို့ပြင် အေစီမီလန်အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်သည့် ခရိုအေးရှားတိုက်စစ်မှူး ရယ်ဘစ်မှာ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းတွင် ယိုဗစ်နှင့် တွဲဖက်ညီသူဖြစ်ခဲ့ခြင်းမှာလည်း ယခုအပြောင်းအရွှေ့အတွက် အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။ 

ယိုဗစ်သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နွေရာသီအပြောင်းအရွှေ့က ဖရန့်ဖတ်အသင်းမှ ရီးယဲလ်အသင်းသို့ ယူရိုသန်း (၆၀)ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၇)ပွဲကစားရာတွင် (၂)ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။

Most Read

Most Recent