UEFA Nations League ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲကြိုသုံးသပ်ချက်
Published 7 September 2020

နယ်သာလန်ရော၊ အီတလီရောက ယူရို-၂၀၂၀ ခြေစစ်ပွဲတွေမှာ ခြေစွမ်းပြခဲ့ကြတဲ့အသင်းတွေဖြစ်ပြီး၊ အထူးသဖြင့် ဂျာ မနီပါတဲ့ အုပ်စုမှာ ဂျာမနီကို ကောင်းကောင်းပညာပေးခဲ့တဲ့ နယ်သာလန်ရဲ့ခြေစွမ်းက အထင်ကြီးစရာကောင်းတယ်။ ၂၀၁၈-၁၉ Nations League Finals ပွဲတွေမှာလည်း ဆီမီးဖိုင်နယ်မှာ ခြေတက်နေတဲ့ အင်္ဂလန်အသင်းကို အချိန်ပိုမှာ (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တယ်

နယ်သာလန် နှင့် အီတလီ (အင်္ဂါနံနက် ၁း၁၅ နာရီ)

နယ်သာလန်ရော၊ အီတလီရောက ယူရို-၂၀၂၀ ခြေစစ်ပွဲတွေမှာ ခြေစွမ်းပြခဲ့ကြတဲ့အသင်းတွေဖြစ်ပြီး၊ အထူးသဖြင့် ဂျာ မနီပါတဲ့ အုပ်စုမှာ ဂျာမနီကို ကောင်းကောင်းပညာပေးခဲ့တဲ့ နယ်သာလန်ရဲ့ခြေစွမ်းက အထင်ကြီးစရာကောင်းတယ်။ ၂၀၁၈-၁၉ Nations League Finals ပွဲတွေမှာလည်း ဆီမီးဖိုင်နယ်မှာ ခြေတက်နေတဲ့ အင်္ဂလန်အသင်းကို အချိန်ပိုမှာ (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တယ်။ ပြိုင်ပွဲကြီးတွေမှာ ရလဒ်ပိုင်းကျဆင်းနေတဲ့ နယ်သာလန်အတွက် အကောင်းဆုံးအချိန်တွေကို ပြန်ရောက်လာတာဖြစ်ပြီး ဗန်ဒိုက်၊ ဒီဗရိုင်းတို့ ဦးဆောင်တဲ့ ခံစစ်၊ ၀ိုင်နယ်လ်ဒမ်း၊ ဗန်ဒယ်ဘိခ်၊ ဒီယွန်းတို့ ဦးဆောင်တဲ့ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာလည်း ဒီပိုင်း၊ ဘာ့ဂ်ဝင်းချ်တို့ကြောင့် အားကောင်းတဲ့အသင်းအဖြစ် ရပ်တည်နေတယ်။ အီတလီကလည်း မန်စီနီလက်ထက်မှာ အကောင်းဆုံးပုံစံပြနေပြီး၊ ရှေ့၊ လယ်၊ နောက် နေရာစုံမှာ ထိပ်တန်းကစားသမားကောင်းတွေနဲ့ စုဖွဲ့ထားပါတယ်။ လက်ရှိခြေစွမ်းအရ သိပ်မကွာသလို၊ ရလဒ်ပိုင်းလည်း မကွာတဲ့အသင်းတွေဖြစ်လို့ အကြိတ်အနယ်ဖြစ်နိုင်ပေမယ့် အထလေးတဲ့ အီတလီအတွက် နယ်သာလန်ရဲ့အမြန်နှုန်းက ပြဿနာပါ။ နယ်သာလန်ကို ကြိုက်တယ်။ 

ဘော့စနီးယား နှင့် ပိုလန် (အင်္ဂါနံနက် ၁း၁၅ နာရီ)

ဘော့စနီးယားရဲ့ အဓိကပြဿနာက အားပျော့ပြီး၊ စိတ်မချရဘူး။ ကစားသမားစုဖွဲ့မှုက ကောင်းပါတယ်။ ဒါပေမဲ့ ပိုလန်လိုအသင်းမျိုးနဲ့ ယှဉ်တဲ့အခါ တစ်ဦးချင်းအရည်အသွေးထက် စုဖွဲ့မှုနဲ့ မာကျောမှုက အရမ်းကွာတယ်။ စိတ်ဓာတ်လည်း ကွာတယ်။ ပိုလန်ကို ပိုကြိုက်တယ်။ 



သြစတြီးယား နှင့် ရိုမေးနီးယား (အင်္ဂါနံနက် ၁း၁၅ နာရီ)

ရိုမေးနီးယားက သရေခံကစားဖို့ ကြိုးစားမယ့်ပွဲပါ။ ဒါပေမဲ့ သြစတြီးယားကို ပွဲချိန်ပြည့်ထိန်းထားနိုင်ဖို့ မလွယ်ပါဘူး။ သြစတြီးယားပဲ နိုင်ပွဲယူလိမ့်မယ်။ 

မြောက်အိုင်ယာလန် နှင့် နော်ဝေ (အင်္ဂါနံနက် ၁း၁၅ နာရီ)

မြောက်အိုင်ယာလန်က စုဖွဲ့မှုပိုကောင်းပေမယ့် နော်ဝေမှာ ထိပ်တန်းကစားသမားတွေ ရှိပါတယ်။ သရေကျနိုင်တယ်။ အနိုင်ဆိုရင် နော်ဝေကို ပိုကြိုက်တယ်။ 

အစ္စရေး နှင့် ဆလိုဗက်ကီးယား (အင်္ဂါနံနက် ၁း၁၅ နာရီ)

အစ္စရေးက ခြေမကွာတဲ့အသင်းတွေကို ဒုက္ခပေးနိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ဆလိုဗက်ကီးယားက အစ္စရေးထက်ပိုကောင်းပါတယ်။ ဆလိုဗက်ကီးယားပဲ ကြိုက်တယ်။ 

ချက် နှင့် စကော့တလန် (အင်္ဂါနံနက် ၁း၁၅ နာရီ)

ချက်က ဥရောပရဲ့အသင်းကောင်းတစ်သင်းအဆင့်ကနေ တဖြည်းဖြည်းကျဆင်းလာပြီး၊ မျိုးဆက်သစ်တွေထဲမှာလည်း အများကြီးထပ်ထွက်မလာဘူး။ စကော့တလန်ကတော့ နောက်ပိုင်းနှစ်တွေမှာ သိသိသာသာတိုးတက်လာပါတယ်။ စကော့တလန်ပဲ ကြိုက်တယ်။ 

ကာဇက်စတန် နှင့် ဘီလာရုစ် (တနင်္လာည ၁ဝး၃၀ နာရီ)

အယ်လ်ဘေးနီးယား နှင့် လစ်သူယေးနီးယား (အင်္ဂါနံနက် ၁း၁၅ နာရီ)

Most Read

Most Recent