နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လတတိယပတ်အတွင်း ဓာတ်မြေသြဇာ ၁၅၀၆၆ ဒသမ ၀၇ တန် တင်သွင်းထားပြီး မြန်မာ-တရုတ်နယ်စပ် စခန်းသုံးခုမှ ၁၃၂၈၂ ဒသမ ၅၇ တန်အထိ တင်သွင်း

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လတတိယပတ်အတွင်း ဓာတ်မြေသြဇာ ၁၅၀၆၆ ဒသမ ၀၇ တန် တင်သွင်းထားပြီး မြန်မာ-တရုတ်နယ်စပ် စခန်းသုံးခုမှ ၁၃၂၈၂ ဒသမ ၅၇ တန်အထိ တင်သွင်း
Published 5 September 2020
နီလာ

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လ တတိယပတ်အတွင်း ဓာတ်မြေသြဇာ ၁၅၀၆၆ ဒသမ ၀၇ တန် တင်သွင်းထားပြီး မြန်မာ-တရုတ်နယ်စပ်စခန်း သုံးခုမှ ၁၃၂၈၂ ဒသမ ၅၇ တန်အထိ တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၅ ရက်မှ ၂၁ ရက်အထိ ကာလအတွင်း ပြည်ပမှ ဓာတ်မြေသြဇာတန်ချိန် ၁၅၀၆၆ ဒသမ ၀၇ တင်သွင်းထားသည်။

သြဂုတ် ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း ပြည်ပမှ ဓာတ်မြေသြဇာတန်ချိန် ၁၈၇၄၈ ဒသမ ၂၁ တန် တင်သွင်းထားသည်။

အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက သြဂုတ်လ တတိယပတ်အတွင်းက ဓာတ်မြေသြဇာတင်သွင်းမှုမှာ ယခင်သီတင်းပတ်ကာလထက် ၂၇၈၂ ဒသမ ၁၄ တန် လျော့နည်းခဲ့သည်။

သြဂုတ် ၁၅ ရက်မှ၂၁ ရက်အထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓာတ်မြေသြဇာတင်သွင်းမှုတွင် မူဆယ်နယ်စပ်မှ ၁၂၇၂ ဒသမ ၇၅ တန်၊ လွယ်ဂျယ်နယ်စပ်မှ ၁၀၁၇ ဒသမ ၈၅ တန်၊ ချင်းရွှေဟော်နယ်စပ်မှ ၁၀၉၉၁ ဒသမ ၉၇ တန်နှင့် မြဝတီနယ်စပ်မှ ၁၇၈၃ ဒသမ ၅၀ တန်ဖြင့် စုစုပေါင်း ၁၅၀၆၆ ဒသမ ၀၇ တန် တင်သွင်းထားခြင်းဖြစ်သည်။

သြဂုတ် ၈ ရက်မှ  ၁၄ ရက်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓာတ်မြေသြဇာတင်သွင်းမှုတွင် မူဆယ်နယ်စပ်မှ ၂၃၀၀ ဒသမ ၂၅ တန်၊ လွယ်ဂျယ်နယ်စပ်မှ ၁၁၆၀ တန်၊ ချင်းရွှေဟော်နယ်စပ်မှ ၁၁၇၇၂ ဒသမ ၁၅ တန်နှင့် မြဝတီနယ်စပ်မှ ၂၆၁၅ ဒသမ ၈၁ တန်ဖြင့် စုစုပေါင်း ၁၇၈၄၈ ဒသမ ၂၁ တန် တင်သွင်းထားခြင်းဖြစ်သည်။

အဖျောက်နှင့် ညောင်တုန်း သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ အမှတ် (၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ) မှ တစ်နေ့လျှင် ယူရီးယား ဓာတ်မြေသြဇာတန် ၃၅၀ မှ ၄၀၀ ခန့် ထုတ်လုပ်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အဖျောက်နှင့် ညောင်တုန်း သဘာဝဓာတ်ငွေ့မြေမှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ တစ်နေ့လျှင် ယူရီးယား ဓာတ်မြေသြဇာ တန် ၃၅၀ မှ ၄၀၀ ခန့်ထုတ်လုပ်၍ တင်ဒါစနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါစက်ရုံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ယူရီးယားဓာတ်မြေသြဇာများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent