ကူလီဘလီနှင့် မီလစ်ခ်တို့ကို ထွက်ခွာခွင့်ပြုထားသည်ဟု နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ် အတည်ပြု

ကူလီဘလီနှင့် မီလစ်ခ်တို့ကို ထွက်ခွာခွင့်ပြုထားသည်ဟု နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ် အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 4 September 2020

နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ်က မိမိအသင်းမှ အပြောင်းအရွှေ့သတင်းကြီးနေသော ကစားသမားများဖြစ်သည့် နောက်ခံလူကူလီဘလီနှင့် တိုက်စစ်မှူး မီလစ်ခ်တို့ကို အသင်းမှ ထွက်ခွာခွင့်ပြုထားသည်ဟု အတည်ပြု ပြောကြားခဲ့သည်။

ကူလီဘလီကို ပြောင်းရွှေ့ကြေး အမြောက်အမြားဖြင့် ခေါ်ယူရန် မန်စီးတီးအသင်းက ထိပ်ဆုံးမှ သတင်းကြီးနေပြီး လီဗာပူးလ်၊ ချယ်လ်ဆီးစသည့် အသင်းများကလည်း စိတ်ဝင်စားမှု ပြသခဲ့သည်။ မီလစ်ခ်ကိုမူ စီးရီးအေအသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေသည်။

နာပိုလီအသင်းသည် မီလစ်ခ်အတွက် ရိုးမားအသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့သော်လည်း ကစားသမားကမူ ပယ်ချခဲ့ပြီး ဂျူဗင်တပ်စ်အသင်း၏ ကမ်းလှမ်းမှုကို မျှော်လင့်နေကြောင်း သိရသည်။

ဒီလော်ရန်းတစ်က "ကူလီဘလီနဲ့ မီလစ်ခ်တို့ကို ဒီအပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပြုထားပါတယ်။ ဒီအပြောင်းအရွှေ့အနေအထားအရ ဒီထူးရှယ်ကစားသမား(၂)ယောက်ကို ရောင်းဖို့ အခွင့်အရေးရရင် ရောင်းပါမယ်။ ဒါဆိုရင် အစားထိုးဖို့ ရှာရပါမယ်။ ရောင်းလို့မရရင် နောက်နှစ်မှာ ဆက်ဆွေးနွေးပါမယ်" ဟု Canale 21 ရုပ်သံသို့ ပြောကြားခဲ့သည်။

ဒီလော်ရန်းတစ်၏ အဆိုအရကြိုက်စျေးရမှသာ ရောင်းချဖွယ်ရှိနေသည်။ ၎င်းသည် ကူလီဘလီအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း(၉၀)၊ မီလစ်ခ်အတွက် ယူရိုသန်း(၅၀) သတ်မှတ်ထားသည်။ မန်စီးတီးအသင်းသည် ကူလီဘလီအတွက် နာပိုလီအသင်းအား ယူရိုသန်း (၈၀)အထိ တိုးမြှင့်ကမ်းလှမ်းလာကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။

Most Read

Most Recent