ဆီဗီလာတွင် အငှားဖြင့်ကစားကာ ခြေစွမ်းပြခဲ့သည့် ရယ်ဂီလွန်ကို မန်ယူအသင်း ခေါ်ယူရန်ကမ်းလှမ်းခဲ့ပြီး ရောင်းထုတ်ရန် ရီးယဲလ်မက်ဒရစ် စဉ်းစားနေ

ဆီဗီလာတွင် အငှားဖြင့်ကစားကာ ခြေစွမ်းပြခဲ့သည့် ရယ်ဂီလွန်ကို မန်ယူအသင်း ခေါ်ယူရန်ကမ်းလှမ်းခဲ့ပြီး ရောင်းထုတ်ရန် ရီးယဲလ်မက်ဒရစ် စဉ်းစားနေ
Photo: Getty Images
Photo: Getty Images
Published 4 September 2020

မန်ယူအသင်းသည် ပြီးခဲ့သည့် ယူရိုပါလိဂ်တွင် ဆီဗီလာအသင်းနှင့်အတူ ခြေစွမ်းပြကစားခဲ့ပြီး ချန်ပီယံဖလားရရှိခဲ့သည့် ဘယ်နောက်ခံလူ ရယ်ဂီလွန်အားခေါ်ယူရန် ကမ်းလှမ်းခဲ့သည်ဟု စပိန်မီဒီယာများကဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ရယ်ဂီလွန်အတွက် ပြောင်းရွှေ့ကြေး ယူရို (၃၅)သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အသင်း၏ ဘယ်ခြမ်းခံစစ်ကို ပိုမိုအားဖြည့်ရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိအချိန်တွင် အသင်း၏ ခံစစ်ဘယ်တောင်ပံတွင် ဖာလန်းမန်ဒီနှင့် မာဆယ်လိုတို့ကို ဦးစားပေးကစားသမားများအဖြစ် အသုံးပြုနေပြီး ရယ်ဂီလွန်အတွက် အခွင့်အရေးမရှိဖြစ်နေသည်။

ဆီဗီလာအသင်းက ရယ်ဂီလွန်အား အငှားဖြင့် ဆက်လက်ခေါ်ယူထားရန် ဆန္ဒရှိနေခြင်းကိုလည်း လက်ခံဖွယ်ရှိသည့် အနေအထားဖြစ်ပြီး အနာဂတ်အတွက်သာ ရည်ရွယ်ထားခြင်းဖြစ်သည်။

သို့ရာတွင် ယခုအချိန်၌ မန်ယူအသင်းထံမှ ကမ်းလှမ်းမှုကို ရရှိလာသည့်အတွက် ဆီဗီလာအသင်းထံ အငှားဆက်ထားရန်နှင့် မန်ယူအသင်းထံ အပြီးသတ်ရောင်းထုတ်ရန် အခြေအနေ နှစ်ရပ်အပေါ် ပြန်လည်စဉ်းစားနေပြီဖြစ်ကြောင်း သိရှိရသည်။

ရယ်ဂီလွန်သည် လက်ရှိအချိန်တွင် မန်ယူအသင်းသာမကဘဲ စပါး၊ နာပိုလီနှင့် ဂျူဗင်တပ်စ်အသင်းတို့၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်ပြီး ဆီဗီလာအသင်းနှင့် မန်ယူအသင်းတို့မှာမူ လာမည့်ရာသီတွင ်လက်တွဲနိုင်ရန် အခြေအနေကောင်းနေသည်။

ဆီဗီလာအသင်းကလည်း ရယ်ဂီလွန်ကို အငှားစာချုပ်မှ အပြီးသတ် ခေါ်ယူနိုင်သည့် အစီအစဉ်ဖြင့် ခေါ်ယူလိုနေပြီး  Buy-back စာချုပ်ကိုလည်းချုပ်ပေးရန်အသင့်ရှိနေသည်။

Most Read

Most Recent