ပင်နဲရိုးလ်အသင်းနည်းပြရာထူးမှ ဖော်လန် ထုတ်ပယ်ခံရ

ပင်နဲရိုးလ်အသင်းနည်းပြရာထူးမှ ဖော်လန် ထုတ်ပယ်ခံရ
Photo: Goal
Photo: Goal
Published 3 September 2020

မန်ယူတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်သည် ပင်နဲရိုးလ်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။ 

အသက် (၄၁)နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင်ဟောင်း ဖော်လန်သည် ၂၀၁၉ ဒီဇင်ဘာတွင် ဥရုဂွေးထိပ်သီးကလပ် ပင်နဲရိုးလ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။

သို့သော် ဖော်လန်သည် ပင်နဲရိုးလ်အသင်းကို (၁၁)ပွဲကိုင်တွယ်ရာတွင် (၄)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၃)ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့သဖြင့် နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ဖော်လန်က ပင်နဲရိုးလ်အသင်းကို ကိုင်တွယ်ခွင့်ရခဲ့သည့်အတွက် ဂုဏ်ယူကြောင်းနှင့် ရာထူးမှထုတ်ပယ်ခံရသည့်အတွက် နောင်တမရကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent