ဘောလုံးကိုနမ်း၍ အာဂျင်တီးနားကစားသမား ဒဏ်ရိုက်ခံရ

ဘောလုံးကိုနမ်း၍ အာဂျင်တီးနားကစားသမား ဒဏ်ရိုက်ခံရ
Photo: The Sun
Photo: The Sun
Published 3 September 2020

အီကွေဒေါထိပ်တန်းလိဂ်တစ်ခုတွင် ဘောလုံးကိုနမ်းခဲ့သည့် အာဂျင်တီးနားကစားသမားတစ်ဦးမှာ ဒေါ်လာ (၁၂၀၀) ဒဏ်ရိုက်ခံခဲ့ရကြောင်း သိရှိရသည်။

သြဂုတ်လ (၂၉)ရက်က ကစားခဲ့သည့် အီကွေဒေါထိပ်တန်းလိဂ်ပွဲစဉ် အူကက်စ် (၁-၀) မာကာရာပွဲတွင် မာကာရာအသင်းမှ အာဂျင်တီးနားကွင်းလယ်လူ ဆာဂျီယိုလိုပက်ဇ်သည် ဘောလုံးကို နမ်းခဲ့ကြောင်း သိရသည်။ ကပ်ဘေးကာလအတွင်း ပြန်ကစားသည့် အီကွေဒေါလိဂ်ပွဲစဉ်များတွင် ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန်အတွက် တင်းကျပ်သည့်စည်းမျဉ်း စည်းကမ်းများကို ချမှတ်ထားကြောင်း သိရသည်။ 

ထို့ကြောင့် လိဂ်စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဘောလုံးကို နမ်းခဲ့သည့် လိုပက်ဇ်အား စည်းကမ်းချိုးဖောက်သည်ဟုဆိုကာ  ဒေါ်လာ(၁၂၀၀၀) ဒဏ်ရိုက်ခဲ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် သြဂုတ်(၁၆)ရက်က ကစားခဲ့သည့် အီကွေဒေါထိပ်တန်းလိဂ်ပွဲစဉ်များ၌ အကျႌလဲခဲ့ကြသည့် ကစားသမား(၅)ဦးမှာလည်း တစ်ဦးလျှင် ဒေါ်လာ (၁၂၀၀)စီ ဒဏ်တပ်ရိုက်ခံခဲ့ရကြောင်း သိရသည်။ 

Most Read

Most Recent