ရော်နယ်လ်ကိုးမန်း ထွက်ခွာခဲ့ခြင်းကို စိတ်ပျက်ရကြောင်း ဗန်ဒိုက် ဆို

ရော်နယ်လ်ကိုးမန်း ထွက်ခွာခဲ့ခြင်းကို စိတ်ပျက်ရကြောင်း ဗန်ဒိုက် ဆို
Photo: Standard
Photo: Standard
Published 3 September 2020

နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်းနည်းပြရာထူးမှ ရော်နယ်လ်ကိုးမန်း ထွက်ခွာခဲ့ခြင်းအတွက် တစ်သင်းလုံး စိတ်ပျက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ 

အသက် (၅၇)နှစ်အရွယ်ရှိ ရော်နယ်လ်ကိုးမန်းသည် နယ်သာလန်အသင်းကို ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် ယူရို- ၂၀၂၀ ပြိုင်ပွဲပြီးဆုံးချိန်ထိ ကိုင်တွယ်ရန်စီစဉ်ထားခဲ့သော်လည်း ဘာစီလိုနာအသင်းကို ကိုင်တွယ်ရန်အတွက် လက်ရွေးစင်အသင်းနည်းပြရာထူးကို စွန့်လွှတ်ခဲ့သည်။ 

ဗန်ဒိုက်က ''လက်ရွေးစင်အသင်းကနေ ရော်နယ်လ်ကိုးမန်း ထွက်ခွာသွားတဲ့အတွက် ကျွန်တော်တို့တစ်သင်းလုံး စိတ်ပျက်ရပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့က သူ့အိပ်မက်ဖြစ်နေတာကြောင့် သူ့ရဲ့ရွေးချယ်မှုကို ကျွန်တော်တို့ နားလည်ပါတယ်''ဟု ဆိုခဲ့သည်။ 

နယ်သာလန်အသင်းသည် ရော်နယ်လ်ကိုးမန်းနေရာတွင် လက်ထောက်နည်းပြ လိုဒီဝီဂက်ကို နည်းပြအဖြစ် ခန့်အပ်ထားကြောင်း သိရှိရသည်။ 

Most Read

Most Recent