ဆီမြွန်နီ ကိုင်တွယ်ခဲ့သည့် ၂၀၁၁-၁၂ ရာသီမှစတင်ကာ ကစားသမားရောင်းချမှုမှ အက်သလက်တီကိုအသင်း ယူရိုသန်း (၈၆၀) ကျော် ရရှိထား

ဆီမြွန်နီ ကိုင်တွယ်ခဲ့သည့် ၂၀၁၁-၁၂ ရာသီမှစတင်ကာ ကစားသမားရောင်းချမှုမှ အက်သလက်တီကိုအသင်း ယူရိုသန်း (၈၆၀) ကျော် ရရှိထား
Photo: Marca
Photo: Marca
Published 3 September 2020

အက်သလက်တီကိုအသင်းသည် အသင်းနည်းပြ ဆီမြွန်နီ ကိုင်တွယ်ခဲ့သည့် ၂၀၁၁- ၁၂ ရာသီမှ စတင်ကာ ကစားသမားရောင်းချမှုမှ ယူရိုသန်း (၈၆၀)ကျော် ရရှိထားကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

အသက် (၅၀)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ဆီမြွန်နီသည် အက်သလက်တီကိုအသင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ (၂၃)ရက်တွင် စတင်ကိုင်တွယ်ခဲ့ပြီး (၉)နှစ်တာကာလအတွင်း အသင်းရှိကစားသမားများကို ရောင်းချမှုမှ ယူရို (၈၆၀.၉)သန်းအထိ ရရှိထားသည်။ 



အက်သလက်တီကိုအသင်းအနေဖြင့် ၂၀၁၁-၁၂ ရာသီမှ စတင်ကာ ကစားသမားရောင်းချမှုမှ ဝင်ငွေအများဆုံးရ အသင်းများစာရင်းတွင် ချယ်လ်ဆီး (ယူရို ၉၇၉.၁ သန်း)၊ မိုနာကို (ယူရို ၉၅၀.၃၇ သန်း)၊ ဂျူဗင်တပ်စ် (၉၃၈.၆၅ သန်း)၊ ဘင်ဖီကာ (ယူရို ၉၂၁.၄၂ သန်း) တို့နောက် အဆင့် (၅)နေရာတွင် ရပ်တည်ခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် ကပ်ဘေးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး အသင်းကစားသမားအချို့ကို ရောင်းချရန်စီစဉ်နေသည်။

Most Read

Most Recent