အောက်တိုဘာ(၃)ရက်တွင်ကစားမည့် ရှက်ဖီးယူနိုက်တက်နှင့်ပွဲတွင် ကွင်းအတွင်း ပရိသတ်များ ကြည့်ရှုခွင့်ပေးရန် စီစဉ်နေကြောင်း အာဆင်နယ် အတည်ပြု

အောက်တိုဘာ(၃)ရက်တွင်ကစားမည့် ရှက်ဖီးယူနိုက်တက်နှင့်ပွဲတွင် ကွင်းအတွင်း ပရိသတ်များ ကြည့်ရှုခွင့်ပေးရန် စီစဉ်နေကြောင်း အာဆင်နယ် အတည်ပြု
Published 3 September 2020

အာဆင်နယ်အသင်းက "စက်တင်ဘာ (၂၀)တွင် ကစားမည့် ဝက်စ်ဟမ်းနှင့်ပွဲကို ကွင်းပိတ်ကစားမည်ဖြစ်ပြီး အောက်တိုဘာ (၃)ရက်တွင် ကစားမည့် ရှက်ဖီးယူနိုက်တက်နှင့်ပွဲ၌ ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ရှုပေးရန် စီစဉ်နေကြောင်း"ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းသည် အောက်တိုဘာ (၃)ရက်တွင် အီမရိတ်စ်ကွင်း၌ ကစားမည့် ရှက်ဖီးယူနိုက်တက်အသင်းနှင့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ကွင်းအတွင်း ပရိသတ်များဝင်ရောက်ကြည့်ရှုခွင့်ပေးရန် စီစဉ်နေကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မတ်လလယ်ပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ကို ပိတ်ပင်ခဲ့ပြီး ကွင်းပိတ်ကစားခဲ့သည်။ 

သို့သော် သြဂုတ်(၂၉)ရက်က ဘရိုက်တန်အသင်း၏အိမ်ကွင်း Amex ၌ ကစားခဲ့သည့် ခြေစမ်းပွဲ ဘရိုက်တန် (၁-၁) ချယ်လ်ဆီးပွဲတွင် ကွင်းအတွင်းပရိသတ် (၂၅၀၀)ဦးကို ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့ပြီး အောင်မြင်ခဲ့သည်။ 

ထို့ကြောင့် ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာစ်က ဘရိုက်တန်ပွဲမှာ ပရိသတ်များကို ကွင်းအတွင်း ဝင်ရောက်ခွင့်ပေးရန် စီစဉ်နေသည့် ၎င်းတို့အတွက် အားတက်စရာ ဖြစ်ခဲ့ပြီး ယင်းအတွက် အသင်းများနှင့်တိုင်ပင်ကာ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ယခုအခါ အာဆင်နယ်အသင်းက "စက်တင်ဘာ (၂၀)တွင် ကစားမည့် ဝက်စ်ဟမ်းနှင့်ပွဲကို ကွင်းပိတ်ကစားမည်ဖြစ်ပြီး အောက်တိုဘာ (၃)ရက်တွင် ကစားမည့် ရှက်ဖီးယူနိုက်တက်နှင့်ပွဲ၌ ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ရှုပေးရန် စီစဉ်နေကြောင်း"ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent