လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန် ရာသီအဖွင့်ပွဲတွင် ပါဝင်နိုင်ရန် မသေချာ

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန် ရာသီအဖွင့်ပွဲတွင် ပါဝင်နိုင်ရန် မသေချာ
Photo: Getty Images
Photo: Getty Images
Published 2 September 2020

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်သည် ဒူးဒဏ်ရာသက်သာလာပြီဖြစ် သော်လည်း လိဒ်စ်အသင်းနှင့်ကစားမည့် ရာသီအဖွင့်ပွဲတွင် ပါဝင်နိုင်ရန် မသေချာသေး ကြောင်း သိရသည်။

ဟန်ဒါဆန်သည် ဒူးဒဏ်ရာကြောင့် ရာသီအပိတ်ပွဲစဉ်(၄)ပွဲကို လွဲချော်ခဲ့သလို သြစတြီးယားခရီးစဉ် ခြေစမ်းပွဲ (၂)ပွဲနှင့် ရာသီ ကြို ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင်လည်း ပါဝင်ခဲ့ ခြင်းမရှိပေ။ 

၎င်းအပြင် ဇွန်လကုန်ကတည်း က အနားယူနေရသည့် နောက်ခံလူ မာတစ် မှာလည်း စက်တင်ဘာ (၁၂) ရက်တွင် လိဒ်စ် အသင်းနှင့်ကစားရမည့် ရာသီအဖွင့်ပွဲစဉ်၌ ပါဝင်နိုင်ရန် မသေချာသေးကြောင်း နည်းပြ ယာဂန်ကလော့ပ်က ပြောကြားသည်။ 

''ဂျို ယဲလ် (မာတစ်) နဲ့ ဟန်ဒိုက လာမယ့်ရက်သတ္တ ပတ်ကျရင် အသင်းလိုက်လေ့ကျင့်မှုအစီအစဉ် မှာ ပါဝင်နိုင်မယ်လို့ ထင်ပါတယ်။ သူတို့ ဘယ် လောက်လေ့ကျင့်နိုင်မလဲဆိုတာ ကြည့်ရမှာ ပေါ့။ အခုလောလောဆယ်မှာတော့ ဘယ်လို အခြေအနေရှိမလဲဆိုတာ ကျွန်တော်မသိသေး ပါဘူး'' ဟု ၎င်းက ဆိုသည်။ 

ခြေစမ်းခရီးစဉ်နှင့်  ကွန်မြူနတီဒိုင်းပြိုင်ပွဲ လွဲချော်ခဲ့သည့် အာနိုးလ် မှာမူ ရာသီအဖွင့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိသည်။

Most Read

Most Recent