(၈)မိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့သည့် တိုက်စစ်မှူးသစ် အိုဆင်မန်ကို ဂတ်တူဆို ချီးကျူးခဲ့ပြီး ဖိအားပေးသွားမည်မဟုတ်ဟု ပြောကြား

(၈)မိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့သည့် တိုက်စစ်မှူးသစ် အိုဆင်မန်ကို ဂတ်တူဆို ချီးကျူးခဲ့ပြီး ဖိအားပေးသွားမည်မဟုတ်ဟု ပြောကြား
Published 31 August 2020

နာပိုလီနည်းပြ ဂတ်တူဆိုသည် ပွဲဦးထွက်တွင် (၈)မိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့သည့် တိုက်စစ်မှူးသစ် အိုဆင်မန်ကို ချီးကျူးခဲ့သော်လည်း ၎င်းအတွက် အချိန်အလုံအလောက်ပေးသွားမည်ဖြစ်ပြီး ဖိအားများပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

အိုဆင်မန်သည် ယခုနှစ်အပြောင်းအရွှေ့တွင် လိုင်လီအသင်းမှ ယူရိုသန်း(၈၀)ဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။

၎င်းသည် ပွဲဦးထွက်အဖြစ် ကစားသည့် L'Aquila အသင်းနှင့် ခြေစမ်းပွဲတွင် (၈)မိနစ်အတွင်း ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။

သို့ဖြစ်ရာ မီဒီယာများ၊ ပရိသတ်များ၏ တစ်ခဲနက်ချီးကျူးမှုကို ခံနေရပြီး နာပိုလီနည်းပြ ဂတ်တူဆိုက အဆိုပါချီးကျူးမှုများကြောင့် အိုဆင်မန်တွင် ဖိအားများဖြစ်ပေါ်မည်ကို ပူပန်နေခြင်းဖြစ်သည်။

ဂတ်တူဆိုက ''အခုလောလောဆယ်မှာ စိတ်လှုပ်ရှားဖို့က လွယ်လွယ်လေးပါပဲ။ ကျွန်တော်ကတော့ သူ့ကို အချိန်အလုံအလောက်ပေးသွားမှာပါ။ ဖိအားတွေ ပေးသွားမှာမဟုတ်ပါဘူး။ သူ့အတွက် ငွေတွေအများကြီး သုံးခဲ့ရပြီး သူ ဒီကို ထူးခြားမှုတွေယူဆောင်လာမယ်ဆိုတာ သံသယမရှိပါဘူး။ ဒါပေမဲ့ ခရီးရှည်ကြီး သွားရဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ပီလီ၊ မာရာဒိုနာတို့ကို ခေါ်လိုက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ကူညီနိုင်မယ့် ၀ိသေသတွေနဲ့ ကစားသမားကောင်းတစ်ဦးကို ခေါ်လိုက်ရုံမျှပါပဲ''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent