မိမိအားချန်လှပ်ခြင်းအတွက် မေးခွန်းထုတ်သော Sky Bet ၏ ပို့စ်ကို ဂရီးလစ်ရှ် Like ပေး

မိမိအားချန်လှပ်ခြင်းအတွက် မေးခွန်းထုတ်သော Sky Bet ၏ ပို့စ်ကို ဂရီးလစ်ရှ် Like ပေး
Photos : Getty Images
Photos : Getty Images
Published 30 August 2020

အက်စတွန်ဗီလာအသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဂရီးလစ်ရှ် သည် အင်္ဂလန်အသင်း၌ သူ ရွေးချယ်မခံရခြင်းအတွက် မေးခွန်းထုတ်ခဲ့သော SkyBet ၏ Post အား Like ပေးခဲ့ကြောင်း သိရသည်။ 

အက်စတွန်ဗီလာအသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဂရီးလစ်ရှ် သည် အင်္ဂလန်အသင်း၌ သူ ရွေးချယ်မခံရခြင်းအတွက် မေးခွန်းထုတ်ခဲ့သော Sky Bet ၏ Post အား Like ပေးခဲ့ကြောင်း သိရသည်။ 

ယမန်နှစ်အတွင်းက ဂရီးလစ်ရှ်အနေဖြင့် ပရီးမီးယားလိဂ်တွင် ပွဲများများကစားရပါက အင်္ဂလန်အသင်း၌ ရွေးချယ်မည်ဟု ဆောက်ဂိတ်က ပြောကြားခဲ့ဖူးကြောင်း၊ ယခု ၂၀၁၉-၂၀ ရာသီတွင် ပရီးမီးယားလိဂ်၌ ပွဲများစွာ ကစားထားသည့် ဂရီးလစ်ရှ်အား မရွေးချယ်ဘဲ ပရီးမီးယားလိဂ်ပွဲ လုံးဝမကစားရသေးသည့် လိဒ်စ် တိုက်စစ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ကို ရွေးချယ်ခဲ့ကြောင်း Sky Bet က ဖော်ပြကာ ဆောက်ဂိတ်အား မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။ 

ဂရီးလစ်ရှ်သည် ပြီးခဲ့သည့်ရာသီက အက်စတွန်ဗီလာအသင်းအတွက် ၃၆ ပွဲကစားခဲ့ပြီး ၈ ဂိုးသွင်းယူပေးခဲ့သည်။

Most Read

Most Recent