နိုင်ငံတော်ဗဟိုဘဏ်က ငါးရက်အတွင်း နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၇ သန်း ထပ်မံ ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ ဒေါ်လာ ၂၁၁ ဒသမ ၁ သန်းဝယ်ယူထား

နိုင်ငံတော်ဗဟိုဘဏ်က ငါးရက်အတွင်း နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၇ သန်း ထပ်မံ ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ ဒေါ်လာ ၂၁၁ ဒသမ ၁ သန်းဝယ်ယူထား
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 29 August 2020
စည်သူအောင်

နိုင်ငံတော်ဗဟိုဘဏ်က ငါးရက်အတွင်း နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၇  သန်း ထပ်မံဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၂၈ ရက် အထိ ဒေါ်လာ ၂၁၁ ဒသမ ၁ သန်း ဝယ်ယူ ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

နိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စျေးပြိုင်လေလံမှတစ်ဆင့် ၂၀၂၀ ပြည့် နှစ် သြဂုတ် ၅ ရက်တွင် ဒေါ်လာ ၃ ဒသမ ၈ သန်း၊ သြဂုတ် ၆ ရက်တွင် ဒေါ်လာ ၃ ဒသမ ၈ သန်း၊ သြဂုတ် ၁၄ ရက်တွင် ဒေါ် လာ ၃ ဒသမ ၈ သန်း၊ သြဂုတ် ၁၈ ရက်တွင် ဒေါ်လာ ၃ ဒသမ ၈ သန်း၊ သြဂုတ် ၂၄ ရက် တွင် ဒေါ်လာ ၂ ဒသမ ၁ သန်း၊ သြဂုတ် ၂၅ ရက်တွင် ဒေါ်လာ ၃ ဒသမ ၈ သန်း၊ သြဂုတ် ၂၆ ရက်တွင် ဒေါ်လာ ၃ ဒသမ ၅ သန်း၊ သြ ဂုတ် ၂၇ ရက်တွင် ဒေါ်လာ ၃ ဒသမ ၈ သန်း၊  သြဂုတ် ၂၈ ရက်တွင် ၃ ဒသမ ၈ သန်းဝယ်ယူ ခဲ့ပြီး လေးပတ်အတွင်း ဒေါ်လာ ၃၂ ဒသမ ၂ သန်းဝယ်ယူခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဇူလိုင်အထိ လအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ် လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ် လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ် ၁ ရက်မှ ၂၈ ရက် အတွင်း ဒေါ်လာ ၃၂ ဒသမ ၂ သန်းဝယ်ယူခဲ့ ပြီး ၂၀၂၀ ပြည့် နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲ လှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန် နိုင်ငံတော်ဗဟို ဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖွင့် လှစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်တွင် အသိပေးကြေညာချက်ထုတ် ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များ ဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင် လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက် များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန် ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေ များ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင် (Authorized Dealer – AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံ ခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံ ခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း  အတက်၊ အကျကြီးမားခြင်းကို လျော့နည်း စေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေ လဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲ လှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်း သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာရောင်းချရန် စျေးပြိုင်လေလံကို ဖွင့် လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထား သည့် စည်းမျဉ်းများအရ သတ်မှတ်ချက် ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိ ကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံ ကိုဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏   နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်း ရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ် နှုန်းအား ပြီးခဲ့သည့်ရက်ပေါင်း ၂၀ အတွင်း ၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန် မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်း သည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံ ခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာ ထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့် ဆုံးလဲလှယ်နှုန်းအကြား AD  ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်း ချရန် တင်ပြချက်များကို Refinitv ယခင် (Thomson Reuters) ၏ လေလံအရောင်း  အဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။

အဆိုပါဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖွင့်လှစ်ဆောင်ရွက် နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာ ကျပ်ငွေ တန်ဖိုးမြင့်တက်စေရန်ဖြစ်စေ သို့မ ဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။

 

Most Read

Most Recent