ဝုလ်ဗ်နောက်ခံလူ ဒိုဟာတီအား ပေါင်(၁၅)သန်းဖြင့် ခေါ်ယူရန် စပါးအသင်း နီးစပ်

ဝုလ်ဗ်နောက်ခံလူ ဒိုဟာတီအား ပေါင်(၁၅)သန်းဖြင့် ခေါ်ယူရန် စပါးအသင်း နီးစပ်
Published 28 August 2020

စပါးအသင်းသည် ဝုလ်ဗ်အသင်း၏ ညာနောက်ခံလူ ဒိုဟာတီအား ပေါင်(၁၅)သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့သည်။ 

စပါးအသင်းသည် အသင်းမှ ညာနောက်ခံလူ အော်ရီယေးအား အေစီမီလန်(သို့)လေဗာကူဆင်သို့ ရောင်းချရန် နီးစပ်နေကြောင်း သိရသည်။ 

ထို့ကြောင့် စပါးအသင်းသည် ၎င်း၏နေရာတွင် အသက်(၂၈)နှစ်အရွယ် အိုင်ယာလန်လက် ရွေးစင်ညာနောက်ခံလူ ဒိုဟာတီနှင့် အစားထိုးရန် ပြင်ဆင်နေခြင်းဖြစ်သည်။ 

စပါးအသင်း၏ ပေါင်(၁၂)သန်းဖြင့် ကမ်းလှမ်း မှုအား ဝုလ်ဗ်အသင်းက ပယ်ချခဲ့ပြီး ယခုအခါ ပေါင်(၁၅)သန်း+Adds-on ဖြင့် သဘောတူညီမှုရရန် နီးစပ်နေသည်။

စပါးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဆောက်သမ်တန်ကွင်းလယ်လူ ဟူဘယက်၊ ဘန်လေဂိုးသမား ဂျိုးဟတ်နှင့် ဝီဂန်လူငယ်ကွင်းလယ်ကစားသမား ဒီဗိုင်းတို့ကို ခေါ်ယူထားသည်။ 

Most Read

Most Recent