ကလပ်အသင်းများအနေဖြင့် ဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း နေထိုင်ရန်နှင့် စည်းကမ်းချိုးဖောက်သူများကို ဒဏ်ကြေးချမှတ်သွားမည်ဟု MNL CEO ပြောကြား

ကလပ်အသင်းများအနေဖြင့် ဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း နေထိုင်ရန်နှင့် စည်းကမ်းချိုးဖောက်သူများကို ဒဏ်ကြေးချမှတ်သွားမည်ဟု MNL CEO ပြောကြား
Photo: MFF
Photo: MFF
Published 22 August 2020

မြန်မာနေရှင်နယ်လိဂ် (MNL) CEO ဦးစိုးမိုးကျော်က ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ကျင်းပနေသည့်ကာလအတွင်း ကလပ်အသင်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း နေထိုင်ရန်နှင့် စည်း ကမ်းချိုးဖောက်သူများကို ဒဏ်ကြေးချမှတ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၅)လဝန်းကျင် ရပ်နားထားရသည့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲများကို သြဂုတ် (၂၂) ရက်မှစတင်ကာ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ကျင်းပခွင့်ရရှိထားသည်။ သို့သော် ယခုရက်ပိုင်းအတွင်း ပြည် တွင်းကူးစက်မှုများရှိလာသောကြောင့် မြန်မာ နေရှင်နယ်လိဂ်အနေဖြင့် ပြိုင်ပွဲပြီးဆုံးသည် အထိ အောင်မြင်စွာ ကျင်းပနိုင်ရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန် ထားသည့်အတိုင်း နေထိုင်ရန် ကလပ်အသင်း များအား ထပ်မံသတိပေးခဲ့ခြင်းဖြစ်သည်။    

''ကျွန်တော်တို့အနေနဲ့ ကလပ်အသင်းတွေကို စည်းကမ်းပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီး ထပ်ပြီးလမ်းညွှန်ထားပါတယ်။ ဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့အတိုင်း နေထိုင်ဖို့နဲ့ Camp Quarantine နေထိုင်တဲ့ကာလမှာ အပြင်မထွက်ဖို့ ဖြစ်ပါတယ်။ လက်ရွေးစင်အဆောင် မှာနေထိုင်တဲ့ အသင်းတွေအပြင် ကိုယ်ပိုင် အဆောင်မှာနေထိုင်တဲ့ အသင်းတွေအားလုံး စည်းမျဉ်းစည်းကမ်းတွေအားလုံးကို လိုက်နာ ရမှာဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာဘဲ အပြင်ထွက်တာတွေရှိရင် အရေးယူမှာပါ။ ဒဏ်ကြေးငွေချမှတ်ဖို့လည်း စီစဉ်ထားပါ တယ်။ ပြိုင်ပွဲပြီးဆုံးအောင် ကျင်းပနိုင်ဖို့ ကလပ်အသင်းတွေအားလုံး ကူညီပေးစေချင် ပြီး စည်းကမ်းပိုင်းဆိုင်ရာ ချမှတ်ထားတာ တွေအားလုံး လိုက်နာဖို့လိုပါတယ်'' ဟု ဦးစိုးမိုး ကျော်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထား သည့် ပြည်တွင်းလိဂ်ပြိုင်ပွဲများအနက် MNL အမှတ်ပေးပြိုင်ပွဲကို စတင်ကျင်းပခွင့်ရခြင်း ဖြစ်ပြီး သြဂုတ် (၂၂) ရက်မှ အောက်တိုဘာ (၃) ရက်အထိ ကျင်းပမည်ဖြစ်သည်။ ပြည်တွင်း ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် အတွက် ကလပ်အသင်းများအနေဖြင့် သြဂုတ် ဒုတိယပတ်မှစတင်၍ ပြိုင်ပွဲပြီးဆုံးသည်အထိ Camp Quarantine နေထိုင်ရမည်ဖြစ်ပြီး COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရ သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန တာဝန်ရှိသူများသည် ကလပ်အသင်း များ၏ အဆောင်နှင့် MNL ပွဲစဉ်များကျင်းပ မည့် ဘောလုံးကွင်းများကို လာရောက်စစ် ဆေးပြီးမှ ကျင်းပခွင့်ပြုခဲ့ခြင်းဖြစ်သည်။ COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလ ဖြစ်သောကြောင့် ပွဲစဉ်အားလုံးကို ပရိသတ် မပါဘဲ ကွင်းပိတ်ကျင်းပရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent