စပိန်လက်ရွေးစင်အသင်းတွင် မျက်နှာသစ်ကစားသမား (၇)ဦးရွေးချယ်ခံရ

စပိန်လက်ရွေးစင်အသင်းတွင် မျက်နှာသစ်ကစားသမား (၇)ဦးရွေးချယ်ခံရ
Photo: Twitter
Photo: Twitter
Published 22 August 2020

စက်တင်ဘာလအတွင်း UEFA Nations League ပြိုင်ပွဲ ယှဉ်ပြိုင်ကစားမည့် စပိန်လက်ရွေးစင်အသင်းတွင် မျက်နှာသစ် ကစားသမားခုနစ်ဦးအထိ ရွေးချယ်ခံထားရ ကြောင်း သိရသည်။

စပိန်အသင်းနည်းပြ လူးဝစ်အင်းနရစ်သည် ဂျာမနီ၊ ယူကရိန်းအသင်းတို့နှင့်ကစား မည့်ပွဲစဉ်များအတွက် ကစားသမား (၂၄) ဦး စာရင်းထုတ်ပြန်ရာတွင် ဘီလ်ဘာအိုအသင်း ဂိုးသမား အူနိုင်းဆီမွန် (၂၃ နှစ်)၊ မန်စီးတီးအသင်း နောက်ခံလူ အဲရစ်ဂါစီယာ (၁၉ နှစ်) နှင့် တောင်ပံကစားသမား ဖယ်ရန်တောရက်စ် (၂၀ နှစ်)၊ ဆိုစီဒက်အသင်းကွင်းလယ်လူ မီခေးလ်မာရီနို (၂၄ နှစ်)၊ ရီးယဲလ်အသင်းကွင်းလယ်လူ အော်စကာရိုဒရီဂွက်ဇ် (၂၂ နှစ်)၊ ဘာစီလိုနာအသင်း တောင်ပံကစားသမား အန်ဆူဖာတီ (၁၇ နှစ်) နှင့် ဝုလ်ဗ်အသင်း တောင်ပံကစားသမား အဒါမာထရာအိုရေး (၂၄ နှစ်) တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

အင်းနရစ်အနေဖြင့် လူသစ်ကစားသမားများစွာကို ရွေးချယ်ခဲ့ခြင်းကြောင့် အယ်လ်ဘာ၊ ဆာအူလ်၊ မိုရာတာစသည့် စီနီ ယာများကို ချန်လှပ်ထားခဲ့ကြောင်း သိရသည်။

အမည်    ကလပ်    နေရာ

အူနိုင်းဆီမွန်    ဘီလ်ဘာအို    ဂိုး

အဲရစ်ဂါစီယာ    မန်စီးတီး    နောက်တန်း

မာရီနို    ဆိုစီဒက်    ကွင်းလယ်

အော်စကာ    ရီးယဲလ်    ကွင်းလယ်

အန်ဆူဖာတီ    ဘာစီလိုနာ    တိုက်စစ်

ဖယ်ရန်တောရက်စ်    မန်စီးတီး    တိုက်စစ်

အဒါမာထရာအိုရေး    ဝုလ်ဗ်    တိုက်စစ်

Most Read

Most Recent