ယူရိုပါလိဂ် ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ် ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 21 August 2020

ဆီဗီလာ - အင်တာမီလန် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၂ ရက်၊ နံနက် ၁:၃၀ နာရီ)

ယူရိုပါလိဂ်အအောင်မြင်ဆုံး ဆီဗီလာအသင်းက ဒီပွဲအနိုင်ရရင် ချန်ပီယံ(၆)ကြိမ်နဲ့ အနီးကပ်ဆုံးအသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်နဲ့ အက်သလက်တီကို အသင်းတွေကို ဆုဖလားမှတ်တမ်းမှာ (၃)ကြိမ်တိတိ ဖြတ်ထားနိုင်တော့မှာပါ။ တစ်ဖက်မှာ အင်တာမီလန်ကလည်း ချန်ပီယံဖြစ်ခဲ့ရင်တော့   တခြားအသင်း(၃)သင်းနဲ့ ချန်ပီယံဆုဖလားအရေအတွက် တူညီနေရာကနေ ဒုတိယနေရာကို လွတ်လွတ်ကျွတ်ကျွတ် တက်လှမ်းလာနိုင်မယ်။ နှစ်သင်းစလုံးက သက်ဆိုင်ရာလိဂ်ပြိုင် ပွဲတွေကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီးသားအသင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဆုဖလားအိပ်မက်တစ်ခုတည်း ရည်မှန်းချက် ရှိနေတာပါ။ နည်းပြချင်းယှဉ်ရင်တော့ အောင်မြင်မှုပိုင်းမှာ ကွန်တီနဲ့ လိုပယ်တယ်ဟီတို့အကြား အတော်ခြားနားပါတယ်။

လိုပယ်တယ်ဟီက စပိန်လက်ရွေးစင်အသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းတွေကို ကိုင်တွယ်ဖူးပေမယ့် လက်ဆုပ်လက်ကိုင်ပြစရာ မယ်မယ်ရရမရှိပါဘူး။ စပိန်လူငယ်အသင်းတွေနဲ့ ဆုဖလားရယူတာပဲ မှတ်တမ်းရှိပါတယ်။ ကွန်တီကတော့ နည်းပြဘဝမှာ စီးရီးအေ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုတွေအပါအဝင် မေဂျာဖလား(၇)လုံးအထိ ဆွတ်ခူးထားပြီး ထိပ်တန်းနည်းပြတစ်ဦးအဖြစ် မှတ် ကျောက်တင်ခံပြီးသားပါ။ ကွန်တီအနေနဲ့ အင်တာမီလန်နဲ့ ပွဲဦးထွက်ရာသီမှာ မျှော်လင့်ထားသလောက် ခရီးပေါက်ခဲ့ပြီး ဖလားအောင်မြင်မှုနဲ့ ပိတ်သိမ်းနိုင်တဲ့ နောက်ဆုံးအခွင့်အရေး က မက်လောက်စရာပါ။



    

ဗိုလ်လုပွဲအထိ ဖြတ်သန်းခဲ့မှုတွေကို ပြန်ကြည့်ရင်တော့ ဆီဗီလာအသင်းက ယူရိုပါလိဂ်မှာ အုပ်စုအဆင့်ကတည်းက စတင်ကစားခဲ့ရပြီး အင်တာမီလန်ကတော့ ဘာစီလိုနာ၊ ဒေါ့မွန်အသင်းတို့ပါဝင်တဲ့ ချန်ပီယံလိဂ်အုပ်စုမှာ တတိယနေရာသာရလို့ ယူရိုပါလိဂ်ဘက်ကို ပြောင်းလဲကစားခဲ့ရတာပါ။ ဆီဗီလာအသင်းက အုပ်စုပွဲတွေကနေ (၃၂)သင်းအဆင့်ပွဲစဉ်တွေအထိ အသင်းစွမ်းဆောင်ရည်က သာမန်ပဲရှိခဲ့တယ်။ Restart ကာလ ဂျာမန်မြေပေါ် ကစားတဲ့အချိန်မှာတော့ ဆီဗီလာရဲ့ခြေစွမ်းက ရုတ်ချည်းပြောင်းလဲသွားတယ်။ ဖြတ်သန်းခဲ့ရာလမ်းကြောင်းချင်းယှဉ်ရင်လည်း ဆီဗီလာက ရိုးမား၊ ဝုလ်ဗ်နဲ့ ရေပန်းအစားဆုံး မန်ယူအသင်းတွေကို ကျော်ဖြတ်ခဲ့ရတာပါ။ အင်တာမီလန်ကတော့ ဆီဗီလာအသင်းနဲ့ယှဉ်ရင် ကျော်ဖြတ်ခဲ့ရတဲ့ပြိုင်ဘက်တွေက ကစားသမားစုဖွဲ့မှု၊ အစဉ်အလာပိုင်းနိမ့်ပါးတဲ့အသင်းတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ 



    

နှစ်သင်းစလုံးက Restart ကာလမှာ စွမ်းဆောင်ရည်ပိုင်း မဆိုးပါဘူး။ ဆီဗီလာအသင်းက ရှုံးပွဲမရှိကစားနိုင်ခဲ့ပေမယ့် အင်တာမီလန်ကတော့ စီးရီးအေရာသီအဆုံးသတ်ပိုင်းရောက်မှ ရလဒ်တွေ ထိုးတက်လာတာဖြစ်တယ်။ ချန်ပီယံလုပွဲဆင်နွှဲမယ့် ဒီ(၂)သင်းဟာ ကစားသမားပိုင်း မတည်ငြိမ်မှုတချို့ရှိပေမယ့် ဂျာမန်မြေမှာကစားတဲ့ (၃)ပွဲစလုံး တူညီတဲ့ Line-up တွေနဲ့ တောက်လျှောက်ကစားခဲ့တဲ့အထိ အသားကျနေတယ်။ ဒီ(၂)သင်းယှဉ်ရင် ဂိုးသမားနဲ့ နောက်တန်းက သိပ်ကွာဟချက်မရှိပါ ဘူး။ ပုံစံကောင်းတွေနဲ့ ခရီးဆက်နေပြီး Clean Sheet ပွဲတွေ လည်း ဆက်တိုက်ရယူထားတယ်။ အင်တာမီလန်က နောက်ဆုံး (၇)ပွဲမှာ လေဗာကူဆင်နဲ့ပွဲကလွဲလို့ (၆)ပွဲအထိ ဂိုးမပေးခဲ့ရသ လို၊ ဆီဗီလာကလည်း နောက်ဆုံး(၆)ပွဲဆက် Open Play ကနေ ဂိုးလုံးဝမပေးခဲ့ရဘူး။ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာတော့ တစ်သင်းစီက အားသာမှုကိုယ်စီရှိနေတယ်။ ဘာနီဂါဦးဆောင်တဲ့ ဆီဗီလာကွင်းလယ်က Central Zone မှာ ပို Press လုပ်စွမ်းရှိ သလို၊ Holding Play လည်း တော်တော်ကောင်းတယ်။

တိုက်စစ်ပိုင်းကတော့ အင်တာမီလန်အသင်းက သိသိသာသာ အသာစီးရထားတယ်။ လူကာကူက ယူရိုပါလိဂ်ပွဲတွေမှာ တောက်လျှောက် ဂိုးသွင်းနေပြီး လော်တာရိုမာတီနက်ဇ်ကလည်း ပြီးခဲ့တဲ့ ဆီမီးပွဲမှာ အကောင်းဆုံးပုံစံ ပြန်ရလာတယ်။ ဆီဗီလာတိုက်စစ်မှာ ဆူဆို၊ အန်နက်ဆီရီ၊  အိုကမ်ပို့စ်တို့ကို တောက်လျှောက်ပွဲထုတ်နေပေမယ့် အင်တာမီလန်လို ကာလကြာရှည်တည် ဆောက်ထားတဲ့ အတွဲအဖက်မျိုး မဟုတ်ဘူး။ ဆီဗီလာ အစဉ်အလာသာပေမယ့် အင်တာကို ပိုကြိုက်တယ်။

Most Read

Most Recent