ရိုးမားအသင်းအား ကမ္ဘာ့ထိပ်တန်းအသင်းဖြစ်လာစေရန် လိုအပ်သည့် အထောက်အပံ့အားလုံး ပေးသွားမည်ဟု ပိုင်ရှင်သစ်ဖြစ်သူ ကတိပြု

ရိုးမားအသင်းအား ကမ္ဘာ့ထိပ်တန်းအသင်းဖြစ်လာစေရန် လိုအပ်သည့် အထောက်အပံ့အားလုံး ပေးသွားမည်ဟု ပိုင်ရှင်သစ်ဖြစ်သူ ကတိပြု
Photo: Roma Twitter
Photo: Roma Twitter
Published 20 August 2020

ရိုးမားအသင်း၏ ပိုင်ရှင်သစ်ဖြစ်လာသူ အမေရိကန်ဘီလျံနာ ဒန်ဖရီးဒ်ကင်က ရိုးမားအသင်းအား ကမ္ဘာ့ထိပ်တန်းအသင်းဖြစ်လာစေရန် လိုအပ်သည့် အထောက်အပံ့အားလုံး ပေးသွားမည်ဟု ကတိပြုခဲ့သည်။ 

ရိုးမားအသင်းအား အမေရိကန်စီးပွားရေးလုပ်ငန်းစု The Friedkin Group က အပြီးသတ်ဝယ်ယူနိုင်ခဲ့ပြီဖြစ်ပြီး အသင်း၏ ရှယ်ယာ (၈၆.၆)ရာခိုင်နှုန်းကို ထိန်းချုပ်ခွင့်ရရှိခဲ့သည်။

အမေရိကန်ဘီလျံနာ ဒန်ဖရီးဒ်ကင်သည် ဒေါ်လာ(၄)ဘီလီယံကျော်  ကြွယ်ဝသူဖြစ်ပြီး ပိုင်ရှင်ဟောင်းဖြစ်သည့် ဂျိမ်းစ်ပယ်လော့တာထက် (၄) ဆခန့် ပိုမိုချမ်းသာသူဖြစ်သည်။ 

ဖရီးဒ်ကင်သည် ရိုးမားအသင်းအား ယူရို (၅၉၁)သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အသင်း၏ ကြွေးမြီအားလုံးကိုလည်း ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖရီးဒ်ကင်က ''ပရိသတ်တစ်ဦးက ကျွန်တော်တို့ရဲ့ သမိုင်းဝင်အသင်းကြီးကို ကမ္ဘာ့အကောင်းဆုံးထဲကတစ်သင်းဖြစ်အောင် လုပ်ပေးပါလို့ ရေးခဲ့တာ ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ အဲဒီလိုဖြစ်အောင် လုပ်သွားမှာပါ။ ကျွန်တော့်ကတိက အကြွင်းမဲ့ ဖြစ်ပါတယ်။ ဒီအသင်းက ရောမမြို့ရဲ့နှလုံးသား ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ ပိုင်ရှင်တစ်ဦးအနေနဲ့ အသင်းကို ကောင်းမွန်တဲ့စီမံခန့်ခွဲမှုရအောင် ဆောင်ရွက်ပေးပါ့မယ်။ ဂီဒိုဖီယန်ဂါက CEO အသစ်ဖြစ်လာမှာဖြစ်ပြီး သူနဲ့အတူ ကျွန်တော်တို့ ကြီးမားတဲ့ရည်ရွယ်ချက်ကို ဖော်ဆောင်မှာပါ။ လိုအပ်သမျှကို အထောက်အပံ့ပေးသွားမှာဖြစ်ပြီး ရေရှည်ဖြစ်၊ Sustainable ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ချဉ်းကပ်ပံ့ပိုးမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent