တစ်ရာသီစာလက်မှတ်များအတွက် အချက်အလက်အမှန် မပေးခြင်းကြောင့် ပရိသတ်များကို ကွင်းအတွင်း ပြန်ဝင်ခွင့်ပေးပါက တာဝန်ရှိသူများ ဒုက္ခရောက်ဖွယ်ရှိ

တစ်ရာသီစာလက်မှတ်များအတွက် အချက်အလက်အမှန် မပေးခြင်းကြောင့် ပရိသတ်များကို ကွင်းအတွင်း ပြန်ဝင်ခွင့်ပေးပါက တာဝန်ရှိသူများ ဒုက္ခရောက်ဖွယ်ရှိ
Photo: EMPICS Sport
Photo: EMPICS Sport
Published 20 August 2020

လာမည့် ၂၀၂၀-၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပရိသတ်များအား ကွင်းအတွင်း ပြန်လည်ဝင်ရောက်ခွင့်ပေးရန် တာဝန်ရှိသူများက ရည်ရွယ်ထားသော်လည်း ပရိသတ်များအနေဖြင့် ၎င်းတို့၏ တစ်ရာသီစာလက်မှတ်များကို ဝယ်ယူရာ၌ အချက်အလက် အမှန်မပေးခြင်းကြောင့် တာဝန်ရှိသူများမှာ ဒုက္ခရောက်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ယခုနှစ်အောက်တိုဘာလတွင် ပရိသတ်များကို အကန့်အသတ်အားဖြင့် ဘောလုံးကွင်းများအတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့်ပေးရန် တာဝန်ရှိသူများက စဉ်းစားထားသည်။ 

အကယ်၍ ရောဂါပိုးကူးစက်မှုများ ရှိလာပါက ဗြိတိန်အစိုးရ၏ Track and Trace (မှတ်တမ်းယူထားပြီး လိုက်လံစုံစမ်းထောက်လှမ်းခြင်း) နည်းလမ်းများအတိုင်း ရောဂါပိုးကူးစက်သူများနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေရန် စီစဉ် ထားသည်။ 

သို့သော် ပရီးမီးယားလိဂ်တစ်ရာသီစာလက်မှတ်ဝယ်ယူထားသူအချို့မှာ အချက်အလက်အမှန်အကန် မပေးဘဲ လက်မှတ်များကို ဝယ်ယူခြင်းများရှိပြီး ယင်းထဲတွင် သေဆုံးသူများ၏ အမည်များပင် ပါဝင်လေ့ရှိကြောင်း သိရသည်။ 

ထို့ပြင် လက်မှတ်တစ်စောင်ကို တစ်ဦးတည်းမဟုတ်ဘဲ ဝေငှ၍ကြည့်ရှုသည့် အလေ့အထလည်းရှိရာ ယင်းအမူအကျင့်များကြောင့် Track and Trace အစီအစဉ်မှာ လက်တွေ့တွင် ခက်ခဲဖွယ်ရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။

Most Read

Most Recent