လာမည့်ဒီဇင်ဘာလတွင် (၃၃)နှစ်ပြည့်မည့် ဘန်ဇီမာ၏ နေရာတွင် အစားထိုးရန် ရီးယဲလ်အသင်းသည် ဘာပေ၊ ဟော်လန်း၊ မာနေးတို့နှင့်အတူ လူကာကူအား အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားသည်ဟု သိရှိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာ၏ နေရာတွင် အစားထိုးရန် အင်တာမီလန်အသင်းတွင် အထူးခြေစွမ်းပြလျက်ရှိသည့် လူကာကူကို ချိန်ရွယ်နေကြောင်း ပြင်သစ်သတင်းစာ Le10 Sport က ဖော်ပြခဲ့သည်။
လူကာကူသည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် စီးရီးအေတွင် (၂၃)ဂိုး၊ ချန်ပီယံလိဂ်တွင် (၂)ဂိုး၊ ယူရိုပါ လိဂ်တွင် (၆)ဂိုး၊ ကိုပါအီတာလီယာတွင် (၂)ဂိုး၊ စုစုပေါင်း(၃၃) ဂိုး သွင်းယူထားသည်။

လာမည့်ဒီဇင်ဘာလတွင် (၃၃)နှစ်ပြည့်မည့် ဘန်ဇီမာ၏ နေရာတွင် အစားထိုးရန် ရီးယဲလ်အသင်းသည် ဘာပေ၊ ဟော်လန်း၊ မာနေးတို့နှင့်အတူ လူကာကူအား အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားသည်ဟု သိရှိရသည်။
ရီးယဲလ်အသင်းသည် လူငယ်ကြယ်ပွင့်များဖြစ်သည့် PSG တိုက်စစ်မှူး ဘာပေ နှင့် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းတို့ကို ဦးစွာ ကြိုးစားသွားမည်ဖြစ်ပြီး ၎င်းတို့ကို မရရှိခဲ့ပါက လူကာကူကို ပြောင်းလဲကြိုးပမ်းသွားမည်ဖြစ်သည်။

လီဗာပူးလ်တောင်ပံတိုက်စစ်ကစားသမား မာနေးမှာမူ ရီးယဲလ်အသင်း၏ နောက်ဆုံးပစ်မှတ်သာ ဖြစ်သည်။
လူကာကူသည် ယူရိုပါလိဂ်သမိုင်းတစ်လျှောက်တွင် (၁၀)ပွဲဆက်ဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး အင်တာမီလန်အသင်းအတွက် နောက်ဆုံး(၁၀)ပွဲတွင် (၉)ဂိုး သွင်းယူထားသည်။









