Telegraph သတင်းစာ၏ ဖော်ပြမှုအရ လီဗာပူးလ်အသင်းအပါအဝင် စခန်းသွင်းလေ့ကျင့်နေသည့် ပရီးမီးယားလိဂ်ကလပ် (၁၂)သင်းတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၁၄)ဦးအထိ ရှိ ကြောင်း ဖော်ပြခဲ့သော်လည်း ပရီးမီးယားလိဂ်မှာ တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။
၂၀၂၀-၂၁ ရာသီအတွက် ရာသီကြိုစခန်းသွင်းလေ့ကျင့်နေသည့် ပရီးမီးယားလိဂ်ကလပ် (၁၂)သင်းကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၄)ဦးအထိ ရှိနေကြောင်း ဗြိတိန်သတင်းစာ Telegraph က ဖော်ပြခဲ့သည်။
ပရီးမီးယားလိဂ်ကလပ်အသင်းအများစုသည် လာမည့်ရာသီအတွက် ပြီးခဲ့သည့်တစ်ပတ်မှစတင်ကာ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများ ကစားခဲ့ရသည့် မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူ၊ ဝုလ်ဗ်အသင်းတို့မှာ လေ့ကျင့်ခန်းဆင်းရခြင်း မရှိသေးဘဲ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းအပါအဝင် စပါး၊ အဲဗာတန်၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်း၊ ခရစ္စတယ်လ်ပဲလေ့စ်၊ လက်စတာ၊ နယူးကာဆယ်၊ ရှက်ဖီးယူနိုက်တက်၊ ဘရိုက်တန်၊ ဘန်လေ၊ ဝက်စ်ဘရွန်းနှင့် တန်းတက် လိဒ်စ်အသင်းတို့မှာ ရာသီကြိုစခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းသည် သြစတြီးယားနိုင်ငံ၊ ဆာလ်ဇ်ဘာ့ဂ်မြို့အနီးရှိ ဆဲလ်ဖယ်ဒန်မြို့ငယ်လေးတွင် စခန်းသွင်း လေ့ကျင့်မှုပြုလုပ်နေပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံထားရသူတစ်ဦး ထွက်ပေါ်လာ ကြောင်း သြစတြီးယားသတင်းများက ဖော်ပြခဲ့သည်။

သို့သော် လီဗာပူးလ်အသင်းသည် ကူးစက်ခံရသူ မည်သူဖြစ်သည်ကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ လေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်နေကြောင်း သိ ရှိရသည်။
Telegraph သတင်းစာ၏ ဖော်ပြမှုအရ လီဗာပူးလ်အသင်းအပါအဝင် စခန်းသွင်းလေ့ကျင့်နေသည့် ပရီးမီးယားလိဂ်ကလပ် (၁၂)သင်းတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၁၄)ဦးအထိ ရှိ ကြောင်း ဖော်ပြခဲ့သော်လည်း ပရီးမီးယားလိဂ်မှာ တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။

၂၀၂၀-၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင် ပွဲကို စက်တင်ဘာ (၁၂)ရက်တွင် စတင်မည်ဖြစ်ပြီး ယင်းမတိုင်ခင်မှ အသင်းများ၏ ဆေးစစ်မှုရလဒ်ကို ပရီးမီးယားလိဂ်အနေဖြင့် တရားဝင်ထုတ်ပြန်သွားဖွယ်ရှိနေသည်။
လက်ရှိတွင် ပရီးမီးယားလိဂ် ကစားသမားအချို့မှာ နွေရာသီအားလပ်ရက်အဖြစ် ခရီးထွက်နေကြပြီး ပါတီပွဲများ ဆင်နွဲှပြီး ကိုရိုနာဗိုင်းရပ်စ်မှု များပြားလာမည်ကို အသင်းတာဝန်ရှိသူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။









