ကစားသမားအများအပြား ရောင်းထုတ်မည်ဟု အာဆင်နယ်အသင်း နည်းစနစ်ဒါရိုက်တာအီဒူး ပြောကြား

ကစားသမားအများအပြား ရောင်းထုတ်မည်ဟု အာဆင်နယ်အသင်း နည်းစနစ်ဒါရိုက်တာအီဒူး ပြောကြား
Photos : Getty Images
Photos : Getty Images
Published 19 August 2020

အီဒူးက "အသင်းဟန်ချက်ညီစေဖို့အတွက် ကျွန်တော်တို့ ကစားသမားတွေကို ရောင်းထုတ်ရပါမယ်။ ပြီးရင် ပြန်ဝယ်ရပါမယ်။ အချိန်တော့ ယူရပါမယ်" ဟု ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်း၏ နည်းစနစ်ဒါရိုက်တာ အီဒူးက ယခုနွေရာသီအပြောင်းအရွှေ့ ကာလအတွင်း အသင်းမှ ကစားသမားအများအပြားကို ရောင်းထုတ်သွားမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

အီဒူးက "အသင်းဟန်ချက်ညီစေဖို့အတွက် ကျွန်တော်တို့ ကစားသမားတွေကို ရောင်းထုတ်ရပါမယ်။ ပြီးရင် ပြန်ဝယ်ရပါမယ်။ အချိန်တော့ ယူရပါမယ်" ဟု ပြောကြားခဲ့သည်။ 

ယခုနွေရာသီအတွင်း အာဆင်နယ်အသင်းမှ ထွက်ခွာရဖွယ်ရှိသည့် ကစားသမားများထဲတွင် ကွင်းလယ်လူ အိုဇေးလ်၊ မစ်ခီတာရီယန်၊ မိန့်လန်းနိုင်းစ်၊ အယ်လ်နန်နီ၊ ဂန်ဒူဇီ၊ နောက်ခံလူ မူစတာဖီ၊ ချိန်ဘာစ် အစရှိသည့် ကစားသမားများ ပါဝင်နေကြောင်း သိရှိရသည်။