ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အင်တာမီလန်အသင်းအတွက် ပထမဆုံးဆုဖလားရယူရန် ကွန်တီ ပစ်မှတ်ထား

ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အင်တာမီလန်အသင်းအတွက် ပထမဆုံးဆုဖလားရယူရန် ကွန်တီ ပစ်မှတ်ထား
Photos : AFP
Photos : AFP
Published 19 August 2020

 "ကျွန်တော်တို့ဟာ အလွန်ကောင်းတဲ့ပွဲတစ်ပွဲကို ကစားခဲ့တာပါ။ ကစားသမားတွေရဲ့ခြေစွမ်းကြောင့် ကျွန်တော်အရမ်းပျော်ရွှင်ရပါတယ်။ သူတို့ဟာ နေ့တိုင်း အလုပ်ကို ကြိုးကြိုး စားစားလုပ်ခဲ့လို့ အခုလိုအံ့အားသင့်စရာ ကောင်းတဲ့အဖြေမျိုးကို ကစားသမားတွေက ပေးနိုင်ခဲ့ပါတယ်။ အခုချိန်မှာ ၁၀ နှစ်နီးပါး ကြာပြီးမှ ကျွန်တော်တို့ ဖလားတစ်လုံး ကိုင် မြှောက်နိုင်ဖို့ ဖြစ်နိုင်ခြေရှိနေပါတယ်"ဟု ကွန်တီက ပြောကြားခဲ့သည်။ 

ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် သြဂုတ် ၁၇ ရက်က ကစားခဲ့သည့်ပွဲတွင် ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းကို (၅-၀)ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့ပြီးနောက် နည်းပြ ကွန်တီက အင်တာမီလန်အသင်းကို ဆယ်စုနှစ်အတွင်း ပထမဆုံးဖလား ရယူပေးရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

ယင်းပွဲတွင် အင်တာမီလန်အသင်းအတွက် ဂိုးများကို လော်တာရိုမာတီနက်ဇ်က ၁၉ မိနစ်တွင် အဖွင့်ဂိုးစသွင်းပြီး ကျန်ဂိုးများကို ဒုတိယပိုင်းရောက်မှ အမ်ဘရိုဆီယို(၆၄ မိနစ်)၊ မာတီနက်ဇ်(၇၄ မိနစ်)၊ လူကာကူ(၇၈၊ ၈၃ မိနစ်)က အသီးသီးသွင်းယူခဲ့ကြသည်။ အင်တာမီလန်အနေဖြင့် ပွဲအစပိုင်းတွင်သာ အနည်းငယ်ရုန်းကန်ခဲ့ရသော်လည်း ၀ါရင့် ဂိုးသမား ပီယာတော့ဗ်၏အမှားမှတစ်ဆင့် အဖွင့်ဂိုးရပြီးနောက် ဂိုးပြတ်နိုင်ပွဲနှင့်ထိုက်တန်သည့်ခြေစွမ်းကိုပြသကာ ရှက်တာဒိုးနက် အသင်းကို အသာစီးမှကစားသွားနိုင်ခဲ့သည်။

 "ကျွန်တော်တို့ဟာ အလွန်ကောင်းတဲ့ပွဲတစ်ပွဲကို ကစားခဲ့တာပါ။ ကစားသမားတွေရဲ့ခြေစွမ်းကြောင့် ကျွန်တော်အရမ်းပျော်ရွှင်ရပါတယ်။ သူတို့ဟာ နေ့တိုင်း အလုပ်ကို ကြိုးကြိုး စားစားလုပ်ခဲ့လို့ အခုလိုအံ့အားသင့်စရာ ကောင်းတဲ့အဖြေမျိုးကို ကစားသမားတွေက ပေးနိုင်ခဲ့ပါတယ်။ အခုချိန်မှာ ၁၀ နှစ်နီးပါး ကြာပြီးမှ ကျွန်တော်တို့ ဖလားတစ်လုံး ကိုင် မြှောက်နိုင်ဖို့ ဖြစ်နိုင်ခြေရှိနေပါတယ်"ဟု ကွန်တီက ပြောကြားခဲ့သည်။ 

အင်တာမီလန်အသင်းသည် ၂၀၁၀-၁၁ ရာသီတွင် ကလပ်ကမ္ဘာ့ဖလားနှင့် ကိုပါအီတာလီယာ ချန်ပီယံ ဖြစ်ပြီးနောက် ဆုဖလားနှင့် ကိုးရာသီကြာ ဝေးကွာနေခြင်းဖြစ်သည်။