ရှာကီရီအား ခေါ်ယူရန် လာဇီယိုအသင်း စီစဉ် 

ရှာကီရီအား ခေါ်ယူရန် လာဇီယိုအသင်း စီစဉ် 
Photo: Getty Images
Photo: Getty Images
Published 19 August 2020

စီးရီးအေကလပ် လာဇီယိုအသင်းသည် လီဗာပူးလ်တောင်ပံကစားသမား ရှာကီရီအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။ 

လာဇီယိုအသင်းသည် မန်စီးတီးအသင်းနှင့် လမ်းခွဲခဲ့သည့် စပိန်ဝါရင့်တောင်ပံကစားသမား ဒေးဗစ်ဆေးလ်ဗား ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ဒေးဗစ်ဆေးလ်ဗားသည် ဆိုစီဒက်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။ 

ထို့ကြောင့် လာဇီယိုအသင်းသည် ဒေးဗစ်ဆေးလ်ဗားအစား ရှာကီရီကို ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း အီတလီအားကစားသတင်းစာ Gazzetta dello Sport က ဖော်ပြခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဆွစ်ဇာလန်တောင်ပံကစားသမား ရှာကီရီသည် လီဗာပူးလ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုအား ခေါ်ယူရန် စီစဉ်နေပြီး ၎င်းကိုခေါ်ယူရန်အတွက် အသင်းရှိ ကစားသမားအချို့ကို ရောင်းချဖွယ်ရှိနေကြောင်း သိရသည်။ 

ရှာကီရီ၏ လက်ရှိစျေးကွက်တန်ကြေးမှာ ယူရို (၁၆)သန်းဖြစ်ပြီး လီဗာပူးလ်အသင်းအနေဖြင့် သင့်တော်သည့်ကမ်းလှမ်းမှု ရှိလာပါက ရှာကီရီကို ရောင်းချဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent