ရှက်တာဒိုးနက်သည် အတောင့်တင်းဆုံးပြိုင်ဘက်ဖြစ်သည်ဟု ကွန်တီ သုံးသပ်

ရှက်တာဒိုးနက်သည် အတောင့်တင်းဆုံးပြိုင်ဘက်ဖြစ်သည်ဟု ကွန်တီ သုံးသပ်
Photo: BBC
Photo: BBC
Published 17 August 2020

အင်တာမီလန်နည်းပြ ကွန်တီက ယနေ့ည ရင်ဆိုင်ရမည့် ရှက်တာဒိုးနက်အသင်းသည် ယခုရာသီ ယူရိုပါလိဂ်တွင် ဆုံတွေ့ခဲ့သည့် ပြိုင်ဘက်များအနက် အတောင့်တင်းဆုံးဖြစ်ပြီး အခက်ခဲဆုံးပွဲ ဖြစ်လာနိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ယနေ့ည မြန်မာစံတော်ချိန် (၁း၃၀)နာရီတွင် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဖြစ် ရှက်တာဒိုးနက်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အင်တာမီလန်အသင်းမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသော်လည်း ကွန်တီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကွန်တီက ''ကျွန်တော်တို့ ရှက်တာဒိုးနက်အသင်းကို လေးစားမှုအပြည့်ရှိပါတယ်။ သူတို့က ယူရိုပါလိဂ်မှာ ကျွန်တော်တို့ ဆုံတွေ့ခဲ့တဲ့ ပြိုင်ဘက်တွေထဲ အတောင့်တင်းဆုံးပါ။ ဒီလိုပြိုင်ဘက်နဲ့ ဆုံတွေ့ချိန်မှာ ကျွန်တော်တို့ရဲ့ စွမ်းရည်ကို ပြသသွားချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကလည်း ဗိုလ်လုပွဲကို အရောက်လှမ်းနိုင်ဖို့ပါ'' ဟုပြောကြားခဲ့သည်။

ရှက်တာဒိုးနက်အသင်းနည်းပြ လူးဝစ်ကတ်စထရိုကလည်း ''ကျွန်တော်တို့ အလွန်တောင့်တင်းတဲ့အသင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိထားပါတယ်။ ဒီအတွက်လည်း ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့အတွက် အလွန်ခက်ခဲတဲ့ပွဲ ဖြစ်လာမှာဖြစ်သလို၊ အင်တာမီလန်အသင်းလည်း ခက်ခဲမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent