လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် နည်းပြဘဝမှ အနားယူဖွယ်ရှိသည်ဟု ယာဂန်ကလော့ပ် ဝန်ခံ

လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် နည်းပြဘဝမှ အနားယူဖွယ်ရှိသည်ဟု ယာဂန်ကလော့ပ် ဝန်ခံ
Photo: PA
Photo: PA
Published 17 August 2020

လီဗာပူးလ်အသင်း၏နည်းပြ ယာဂန်ကလော့ပ်က လက်ရှိအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် နည်းပြဘဝမှ အနားယူဖွယ်ရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး သက်တမ်းတိုးတော့မည်မဟုတ်ဟု ပြောကြားခဲ့ဖူးသူလည်းဖြစ်သည်။

ယခုအခါ ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းနှင့် လမ်းခွဲပြီးလျှင် (၁)နှစ် အနားယူမည်ဖြစ်ပြီး ဘောလုံးလောကကို လွမ်းဆွတ်နေခြင်းမရှိပါက နည်းပြဘဝမှ အပြီးတိုင်အနားယူဖွယ်ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ယာဂန်ကလော့ပ်က ''ကျွန်တော် လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ရင် တစ်နှစ် အနားယူပါမယ်။ ပြီးတော့ ဘောလုံးလောကကို လွမ်းနေလားလို့ ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်မယ်။ No ဆိုတဲ့ အဖြေရရင်တော့ နည်းပြဘဝ အဆုံးသတ်သွားနိုင်ပါတယ်'' ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent