မန်စီးတီးအသင်း၏ နောက်ခံလူဟောင်း ကွန်ပနီသည် ကစားသမားဘဝမှ အနားယူလိုက်ပြီး ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်း၏ နည်းပြအဖြစ် အပြည့်အဝတာဝန်ယူသွားတော့မည်ဖြစ်ကြောင်း သိရှိရသည်။
ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟောင်း ကွန်ပနီသည် ၂၀၁၉ နွေရာသီတွင် မန်စီးတီးအသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အန်ဒါလက်ချ်အသင်းသို့ ပြောင်းရွှေ့ကာ ကစားသမား-နည်းပြအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သို့သော် အသင်းအနေဖြင့် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်၌ ပူးတွဲနည်းပြအဖြစ် ဆောင်ရွက်နေသော ဖရန်ကီဗာကော်တာရန်နှင့် နှစ်ဦးညှိနှိုင်းကိုင်တွယ်ရန်လည်း အဆင်မပြေဖြစ်လာသည့်အတွက် ကွန်ပနီက နည်းပြတာဝန်ကို အပြည့်အဝ ရယူရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၀-၂၁ ရာသီ ဘယ်လ်ဂျီယံလိဂ်ပြိုင်ပွဲတွင် အန်ဒါလက်ချ်အသင်းသည် (၂)ပွဲကစားအပြီး ရမှတ်(၄)မှတ်ဖြင့် အဆင့်(၃)နေရာ၌ ရပ်တည်နေပြီး ကွန်ပနီသည် လာမည့်ပွဲစဉ်မှစ၍ နည်းပြတာဝန်ကို တစ်ဦးတည်းအပြည့်အဝ ရယူသွားတော့မည်ဖြစ်ကြောင်း သိရှိရသည်။









