ဘာစီလိုနာအသင်းဘုတ်အဖွဲ့အစည်းအဝေးကို မနက်ဖြန် ပြုလုပ်မည်ဖြစ်ပြီး နည်းပြဆယ်တီယန်အပြင် အားကစားဒါရိုက်တာ အဘီဒယ်လ်ပါ ထုတ်ပယ်ခံရဖွယ်ရှိ

ဘာစီလိုနာအသင်းဘုတ်အဖွဲ့အစည်းအဝေးကို မနက်ဖြန် ပြုလုပ်မည်ဖြစ်ပြီး နည်းပြဆယ်တီယန်အပြင် အားကစားဒါရိုက်တာ အဘီဒယ်လ်ပါ ထုတ်ပယ်ခံရဖွယ်ရှိ
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 16 August 2020

ဆယ်တီယန်အနေ ဖြင့် ဇန်နဝါရီမှသာ ဘာစီလိုနာအသင်းနည်းပြအဖြစ် ခန့်အပ်ခံရသော်လည်း လာလီဂါချန်ပီယံဆုကို အဓိကပြိုင်ဘက် ရီးယဲလ်အသင်းထံ လွှဲပြောင်းခဲ့ရသလို ချန်ပီယံလိဂ်နှင့် စပိန်ဘုရင့်ဖလားပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသောကြောင့် ထုတ်ပယ်ခံရရန် သေချာကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။ 

ဘာစီလိုနာအသင်းဘုတ်အဖွဲ့၏ အရေး ပေါ်အစည်းအဝေးကို မနက်ဖြန် (သြဂုတ် ၁၇ ရက်) ပြုလုပ်မည်ဖြစ်ပြီး နည်းပြ ဆယ်တီယန် အပြင် အားကစားဒါရိုက်တာ အဘီဒယ်လ်ပါ ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေကြောင်း သိရသည်။

ဆယ်တီယန်အနေဖြင့် ဇန်နဝါရီမှသာ ဘာစီလိုနာအသင်းနည်းပြအဖြစ် ခန့်အပ်ခံရသော်လည်း လာလီဂါချန်ပီယံဆုကို အဓိကပြိုင်ဘက် ရီးယဲလ်အသင်းထံ လွှဲပြောင်းခဲ့ရသလို ချန်ပီယံလိဂ်နှင့် စပိန်ဘုရင့်ဖလားပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသောကြောင့် ထုတ်ပယ်ခံရရန် သေချာကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။ 

ထို့ပြင် အားကစားဒါရိုက်တာ အဘီဒယ်လ်ကိုပါ ထုတ်ပယ်ဖွယ်ရှိသလို ဥက္ကဋ္ဌ ဘာတိုမူ၏အနာဂတ်မှာလည်း ခိုင်မာမှုမရှိ တော့ဘဲ ရွေးကောက်ပွဲကို လာမည့်နှစ်ထက် စော၍ပြုလုပ်ရန် တောင်းဆိုခံရဖွယ်ရှိကြောင်း သိရသည်။

ဗြိတိန်နှင့် စပိန်သတင်းဌာနများ၏ ဖော်ပြချက်အရ ဆယ်တီယန်နေရာတွင်အစားထိုးရန် စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုက ရေပန်းအစားဆုံးဖြစ်နေပြီး အသင်းခေါင်းဆောင်ဟောင်း ဇာဗီ၊ လက်ထောက်နည်းပြဟောင်း ရော်နယ်ကိုးမင်းနှင့် တိုက်စစ်မှူးဟောင်း အွန်နရီတို့လည်း ပါဝင်နေသည်။

Most Read

Most Recent