ဘာစီလိုနာဂိုးသမား စတီဂန် ကမ္ဘာ့အဆင့်မဖြစ်သေးဟု ရူမင်နစ်ဂီ မှတ်ချက်ပြု

ဘာစီလိုနာဂိုးသမား စတီဂန် ကမ္ဘာ့အဆင့်မဖြစ်သေးဟု ရူမင်နစ်ဂီ မှတ်ချက်ပြု
Photo: Sport
Photo: Sport
Published 13 August 2020

ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်ချုပ် ရူမင်နစ်ဂီက ဘာစီလိုနာဂိုးသမား စတီဂန်မှာ ကမ္ဘာ့အဆင့် မဖြစ်သေးကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ 

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရူမင်နစ်ဂီက စတီဂန်ကို နော်ယာနှင့် ယှဉ်ကာ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ရူမင်နစ်ဂီက '' နော်ယာနဲ့ စတီဂန်တို့ကို ပိုင်ဆိုင်ထားတဲ့အတွက် ဂျာမနီအသင်းက ကံကောင်းပါတယ်။ နော်ယာက သူဟာ ကမ္ဘာ့အဆင့်ဂိုးသမားဆိုတာကို နှစ်ပေါင်းများ စွာသက်သေပြပြီးပါပြီ။ ဒါပေမဲ့ စတီဂန်ကတော့ ကမ္ဘာ့အဆင့်ဖြစ်ကြောင်း  သက်သေပြဖို့ လိုနေပါသေးတယ်''ဟု ပြောကြားခဲ့သည်။ 

စတီဂန်သည် ပြီးခဲ့သည့် ၂၀၁၆-၁၇ ရာသီမှ စတင်ပြီး ဘာစီလိုနာအသင်းတွင် အဓိကဂိုးသမားအဖြစ် လက်စွမ်းပြနိုင်ခဲ့သော်လည်း ဂျာမနီလက်ရွေးစင်အသင်းတွင် နော်ယာရှိနေခြင်းကြောင့် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။ 

Most Read

Most Recent