မန်ယူအသင်းမှာ ကမ္ဘာပေါ်တွင် အကြီးကျယ်အခမ်းနားဆုံးအသင်းဖြစ်ပြီး မိမိတို့ရင်ဆိုင်ရန်အသင့်ဖြစ်နေပြီဟု ဆီဗီလာနည်းပြ လိုပယ်တယ်ဟီ ကြုံးဝါး

မန်ယူအသင်းမှာ ကမ္ဘာပေါ်တွင် အကြီးကျယ်အခမ်းနားဆုံးအသင်းဖြစ်ပြီး မိမိတို့ရင်ဆိုင်ရန်အသင့်ဖြစ်နေပြီဟု ဆီဗီလာနည်းပြ လိုပယ်တယ်ဟီ ကြုံးဝါး
Photo: Football365
Photo: Football365
Published 13 August 2020

စပိန်ကလပ် ဆီဗီလာအသင်း၏ နည်းပြဖြစ်သူ လိုပယ်တယ်ဟီက မန်ယူအသင်းမှာ ကမ္ဘာပေါ်တွင် အကြီးကျယ်အခမ်းနားဆုံးအသင်းဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။ 

ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် ဝုလ်ဗ်(၀-၁)ဆီဗီလာပွဲအပြီးတွင် မီဒီယာများနှင့်တွေ့ဆုံရာ၌ စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်း လိုပယ်တယ်ဟီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လိုပယ်တယ်ဟီက မိမိတို့အသင်းအနေဖြင့် မန်ယူအသင်းကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် မန်ယူအသင်းကို အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ထားကြောင်းလည်း ပြောကြားခဲ့သည်။ 

လိုပယ်တယ်ဟီက ''ကျွန်တော်တို့အသင်းအနေနဲ့ နောက်ပွဲမှာ မန်ယူအသင်းနဲ့ ကစားရမှာပါ။ သူတို့ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်အခမ်းနားဆုံးအသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားပါတယ်။ သမိုင်းအစဉ်အလာရှိတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ကျွန်တော်တို့ နောက်ပွဲအပေါ် အာရုံအပြည့်အဝထားရှိပါတယ်''ဟု ပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းကို ၂၀၁၈ ခုနှစ်အတွင်းက (၄)လနီးပါး ကိုင်တွယ်ခဲ့ဖူးသူ လိုပယ်တယ်ဟီသည် ဆီဗီလာအသင်းကို ၂၀၁၉ ဇွန်လမှစတင်၍ တာဝန်ယူခဲ့ခြင်းဖြစ်သည်။ 

မန်ယူအသင်းသည် ဆီဗီလာအသင်းနှင့် နောက်ဆုံးတွေ့ဆုံမှုအဖြစ် ၂၀၁၇-၁၈ ဘောလုံးရာသီ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်တွင် တွေ့ဆုံခဲ့ဖူးသည်။ 

ထိုစဉ်က စပိန်မြေတွင် ဂိုးမရှိသရေကျခဲ့ပြီး အိမ်ကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ပြိုင်ပွဲမှထွက်ခဲ့ရသည်။ 

ဆီဗီလာအသင်းသည် ယူရိုပါလိဂ်(ယခင် UEFA Cup) ပြိုင်ပွဲတွင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိနေပြီး ချန်ပီယံဆု(၅)ကြိမ် ရယူထားသည်။

Most Read

Most Recent