COVID-19 ကပေးသည့် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကစားသမားများကို ရောင်းထုတ်နေရသည်ဟု ဗလင်စီယာဥက္ကဋ္ဌ ဖွင့်ဟ

COVID-19 ကပေးသည့် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကစားသမားများကို ရောင်းထုတ်နေရသည်ဟု ဗလင်စီယာဥက္ကဋ္ဌ ဖွင့်ဟ
Published 13 August 2020

ဗလင်စီယာအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အသင်း၏ဘဏ္ဍာရေးမှာ ဆိုးရွားစွာထိခိုက်ခဲ့ပြီး အသင်း၏လစာငွေကို လျှော့ချရန် လိုအပ်နေကြောင်း သိရသည်။ 

ဗလင်စီယာအသင်းဥက္ကဋ္ဌ အန်နယ်လ်မာတီက အသင်းရှိ ကစားသမားများကို ရောင်းထုတ်နေခြင်းမှာ အသင်း၏ဘဏ္ဍာ ရေးအခြေအနေကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ဗလင်စီယာအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အသင်း၏ဘဏ္ဍာရေးမှာ ဆိုးရွားစွာထိခိုက်ခဲ့ပြီး အသင်း၏လစာငွေကို လျှော့ချရန် လိုအပ်နေကြောင်း သိရသည်။ 

ဗလင်စီယာအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အသင်းခေါင်းဆောင် ပယ်ရေဟိုကို အသင်းမှထွက်ခွင့်ပေးခဲ့သလို၊ ဖယ်ရန်တောရက်စ်၊ ကိုကီလင်တို့ကို ရောင်းချထားပြီးဖြစ်သော်လည်း အသင်းရှိကစားသမားများကို ထပ်မံရောင်းချရန်စီစဉ်နေကြောင်း Marca က ဖော်ပြခဲ့သည်။ 

မာတီက "COVID-19 ကြောင့် ခက်ခဲတဲ့ရာသီနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ အသုံးစရိတ် တွေကို လျှော့ကျဖို့ လိုပါတယ်။ ကပ်ဘေးကြောင့် ကြုံတွေ့ရတဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကို မဖြေရှင်းနိုင်ရင် အသင်းတွေ အားလုံးဒုက္ခရောက်ကုန်မှာပါ။ ကျွန်တော်တို့အနေနဲ့ ဒီအခြေအနေမှာ အသင်းကို အသွင်သစ်ပြောင်းဖို့ လိုပါတယ်။ ဒါက ဘော လုံးမှာ ဖြစ်ပျက်နေကျအရာဖြစ်ပြီး အနာဂတ်အတွက် ပြင်ဆင်ရ မှာပါ"ဟု Strait Times သို့ ပြောကြားခဲ့သည်။ 

Most Read

Most Recent