ယူရိုပါလိဂ်တွင် မန်ယူထက် အင်တာမီလန်နှင့် လေဗာကူဆင်တို့က ပိုကောင်းသည်ဟု အင်တာကစားသမားဟောင်း သုံးသပ်

ယူရိုပါလိဂ်တွင် မန်ယူထက် အင်တာမီလန်နှင့် လေဗာကူဆင်တို့က ပိုကောင်းသည်ဟု အင်တာကစားသမားဟောင်း သုံးသပ်
Photo: Intermilan
Photo: Intermilan
Published 10 August 2020

အင်တာမီလန်နှင့် ဂျာမနီလက်ရွေးစင်ကစားသမားဟောင်း ဘရီမီက ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် မန်ယူအသင်းထက် အင်တာမီလန်နှင့် လေဗာကူဆင်အသင်းတို့က ပိုကောင်းသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ဘရီမီက မန်ယူအသင်းသည် ယခုပြိုင်ပွဲတွင် တတိယအကောင်းဆုံးအသင်းသာဖြစ်ပြီး ချန်ပီယံဆုကို အင်တာမီလန်အသင်း ရယူနိုင်လိမ့်မည်ဟုလည်း ဆိုခဲ့သည်။

ဘရီမီက ''ကျွန်တော့်အတွက်တော့ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးက အင်တာမီလန်ပါပဲ။ လေဗာကူဆင်ကလည်း ဟာဗက်ဇ်လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားတဲ့ အသင်းကောင်းတစ်သင်းပါ။ ဒီနှစ်သင်းဆုံတွေ့မှုမှာ အနိုင်ရတဲ့အသင်းက ချန်ပီယံဆုရယူနိုင်ဖို့ အခွင့်အရေးကောင်းသွားမှာပါ။ တစ်ဖက်လမ်းကြောင်းမှာတော့ မန်ယူအသင်း ဗိုလ်လုပွဲ ရောက်လာမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အင်တာရော လေဗာကူဆင်ပါ ဒီအင်္ဂလိပ်အသင်းထက် ပိုတောင့်တင်းပါတယ်။ ဆုဖလား(၃)ကြိမ်ရထားတဲ့ ဆီဗီလာကိုလည်း မေ့ထားလို့ မရပေမယ့် ချန်ပီယံဆုအတွက် မန်ယူအသင်းကို အခြိမ်းခြောက်နိုင်ဆုံးကတော့ အင်တာမီလန်ပါပဲ'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent